RHYTHM [U]

14 4 0
                                    

R H Y T H M

"ကျွန်တော်... နာဘီ့ကိုချစ်လို့"

"တကယ်ပါ။ နောက်နေတာ မဟုတ်ပါဘူး"

"မယုံဘူးလား"

"နာဘီ..."

"နာဘီရှီ"

ခေါင်းအုံးကို မျက်နှာပေါ် ဖိထားရာမှ ခွာကာ အိပ်ရာပေါ် ထထိုင်လိုက်သည်။ ပြီးတော့ ပေါင်ပေါ်တင်ထားသည့် ခေါင်းအုံးပေါ် လက်ထောက်မေးတင်ထားမိပြန်သည်။ မနက်ဖြန် သီချင်းဆိုရမှာမို့လို့ ရင်တွေခုန်နေပါသည်ဆိုမှ ဒီအသံတွေက တစ်မှောင့်။

နာရီကို ကြည့်လိုက်တော့ ၁၂ နာရီ။ စောစောအိပ်မလားလို့ အိပ်ရာထဲ ၁၁ နာရီထဲက ရောက်နေတာ။ အခုထိ အိပ်ချင်ဖို့နေနေသာသာ သန်းတောင် မသန်းမိသေး။

ဒီနေ့ သီချင်းလေ့ကျင့်ဖို့ဆိုသည့် ခေါင်းစဉ်ကြီးရွက်ကာ အိမ်ကို Baekhyun ပေါက်ချလာတော့ နှင်လွှတ်ရလည်းအခက်၊ လက်ခံထားဖို့ကလည်း အခက်။ အိမ်ထဲရောက်ရောက်ချင်း သူက ရုပ်တည်ကြီးနဲ့ပြောသေးသည်။

"Keyboard ကို ကူသယ်ပေးမဲ့ အစ်ကိုက ညရှစ်နာရီခွဲမှ လာမှာ"တဲ့။ တကယ်က သူမလာမချင်း ပြန်လို့မရဘူးလို ချည်ပြီးတုပ်ပြီး ပြောတာပင်။ ဒေါ်လေးကတော့ ဘယ်ရိပ်မိမလဲ၊ ကျွန်မကသာ မျက်စောင်းချည်းလှိမ့်ထိုးနေမိတာ။

"မနက်ဖြန်ညနေ အဖြေပြန်ပေးပါနော်။ ကြားချင်လို့ပါ"

ဒီလောက်တောင် ဖြစ်လှတာ... သုံးနှစ်သုံးမိုး ပိုးခိုင်းလိုက်ဦးမှပါ။

"Ding Dong~"

ဖုန်းဆီက အသံကြောင့် ဖုန်းကိုဆွဲယူလိုက်တော့ line message တစ်စောင်။ ပေးပို့သူက... Byun Baekhyun တဲ့။

"နာဘီ အိပ်မပျော်သေးဘူးမလား"

မေးတဲ့ပုံကိုက ဗေဒင်ဟောစားသလို တပ်အပ်ကြီး။ နှုတ်ခမ်းကိုမဲ့ကာ ပြန် type ပေးလိုက်သည်။

"အိပ်နေပြီ။ ဒါ sleep-typing ဖြစ်နေတာ"

ဟိုဘက်ကနေ "Ke ke ke" ဆိုတာ ချက်ချင်းပြန်ရောက်လာသည်။

"နာဘီ အိပ်မပျော်ရင် သီချင်းဆိုပြီးပို့ပေးလိုက်မယ်လေ။ နားထောင်ပြီး အိပ်ပေါ့"

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Opowieści tętniące życiem. Odkryj je teraz