CHORDS [U]

19 2 0
                                    

C H O R D S

"ကျွန်မနာမည်က Kim Hye Mi ပါ"

"ကျွန်မက Nabi ပါ"

နှုတ်သာဆက်လိုက်မိသည် ၊ စကားတော့ ထပ်မပြောဖြစ်ကြ။ ကျွန်မလိုပဲ Hye Mi ကလည်း သူစိမ်းတွေနှင့် စကားအများကြီး ပြောတတ်ဟန်မတူ။

Chanyeol ကောင်မလေးက ကျွန်မနှင့်ယှဉ်ရင် အရပ်ချင်းသိပ်မကွာလောက်ပေမဲ့ Chanyeol နှင့် ယှဉ်လိုက်တော့ တော်တော်ကွာနေသည်။ တော်တော်ချစ်စရာကောင်းသော ကောင်မလေးမျိုးဖြစ်သည်။ လူကဲခတ်တော်လွန်းသူ မဟုတ်၍ သေချာမသိသော်လည်း တစ်ခုသေချာတာကတော့ သူတို့အချင်းချင်း တော်တော်ချစ်ကြတာပင်။ နှစ်ယောက်တည်း တိုးတိုးပြောလိုက် ကြိတ်ရယ်လိုက်နှင့် လက်ချင်းချိတ်ကာ အရှေ့က လျှောက်သွားနေကြတာ တကယ့်ကို နှစ်ယောက်တစ်ကမ္ဘာ....

ကျွန်မနှင့် Baekhyun တို့ကတော့ သူတို့၏ နောက်ဘက်ခပ်လှမ်းလှမ်းမှာ ရောက်နေသည်။ လေးယောက်လာတာ နှစ်ယောက်က တစ်တွဲကပ်သွားတော့ ကျွန်မတို့နှစ်ယောက်က အလိုလို အတွဲဖြစ်သွားရသည်။ မသိလျှင် အတွဲနှစ်တွဲ double date လုပ်သည့်နှယ်ပင်မို့ နည်းနည်း awkward ဆန်နေသည်။ ဒါကလည်း ကိုယ့်ဘက်ကြည့်ပြီးပြောခြင်းမဟုတ်၊ Baekhyun တစ်ယောက် ခေါင်းကုတ်လိုက် ကြောင်တောင်တောင်ပြုံးလိုက် ဟိုဘက်ပြန်လှည့်သွားလိုက် ဖြစ်နေလို့ပင်။

ပိုဆိုးသွားစေတာက ကျွန်မတို့ကို ခြေလှမ်းနှေးသည်လို့ ဆူပူပြီး ရပ်စောင့်နေသည့် သူတို့နှစ်ယောက်ထဲမှ Chanyeol က ရုတ်တရတ်ဆိုသလို Hye Mi ကို လှမ်းနမ်းလိုက်တာပင်ဖြစ်သည်။ ရုတ်တရတ် လှည့်ပဲပြေးရမလိုလို မသိချင်ယောင်ဆောင်ပြီး ဆက်လျှောက်ရမလိုလို ခြေလှမ်းတွေ ပျက်ကုန်မိသည်။ BaekHyun က ချောင်းတစ်ချက်ဟန့်ကာ ဟိုဘက်ဒီဘက် လျှောက်ကြည့်နေသည်။

"အဟမ်း... နာဘီ"

"ရှင်"

"ကျွန်တော်တို့ ရေခဲမုန့်သွားစားကြမယ်လေ"

သိပ်မလှမ်းသည့်နေရာက ရေခဲမုန့်ဆိုင်ကို မေးဆတ်ပြရင်း ပြောသည့် Baekhyun ကို ခေါင်းညိတ်ပြပြီးတော့ ဆိုင်ဆီ လျှောက်သွားလိုက်သည်။ (ကျွန်မအတွက်) ပတ်ဝန်းကျင်က အေးနေသေးတာမို့ ရေခဲမုန့်စားချင်စိတ်မရှိ။ ပြောရမယ်ဆိုရင် Chanyeol တို့စုံတွဲဘာလုပ်နေနေ မမြင်ရရင်ပြီးရောဆိုပြီး ရေခဲမုန့်ဆိုင်ဆီ ခြေဦးလှည့်တာပင်။ ဆိုင်ကောင်တာနောက်က ကောင်လေးက မြင်မြင်ချင်း ချိုသာစွာ ပြုံးပြလေသည်။

လိပ်ပြာတေးချင်း (나비노래) [BaekhyunxOC]Onde histórias criam vida. Descubra agora