နာရီသံတဂျက်ဂျက်ဟာ အခန်းနံရံထောင့်မှာခြောက်ခြားစွာမြည်နေတယ်...။
မှန်သားကနေမှိန်ပျပျသာလင်းနေတဲ့လရောင် အောက်မှာ မတွေးရဲတော့တဲ့ အမှတ်တရတွေအဖြူရောင်ခပ်ထူထူစောင်ကိုလုံအောင်ခြုံရင်း
နီရဲမို့အစ်နေတဲ့မျက်လုံးတွေနဲ့ ခြောက်စပြုနေတဲ့မျက်ရည်စီးချောင်းမြောက်များစွာ။ အောက်နှုတ်ခမ်းကိုနာနာဖိကိုက်ကာ ထပ်ပြီးပွင့်ထွက်လာတဲ့၀မ်းနည်းခြင်းတွေကို ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြစ်အောင်ထိန်းတယ်။လွဲမှားနေတဲ့ ဆက်ဆံရေးတွေ၊ သံသယတွေနဲ့အဆိပ်အတောက်ရန်ပွဲတွေ၊ ငြီးငွေ့သထက်ငြီးငွေ့လာတဲ့အခါ ဘယ်လမ်းကိုရွေးရမလဲ...။
အိပ်ခန်းတံခါးကို ဖွဖွဖွင့်သံကြားတယ်၊ သူ၀င်လာတယ်... လူအကောင်အထည်
မမြင်ရလောက်အောင်မှောင်မဲနေပေမယ့် လေးကန်တဲ့ခြေသံမှန်မှန်ကို ကြားနေရတယ်။ခပ်မှန်မှန်လှုပ်ရှားသံတွေထပ်ကြားရတယ်။
သူအိမ်ပြန်လာတယ်၊ သူ့ရဲ့နေ့စဉ်တာ၀န်ကြောင့်စိတ်ပျက်ပြီးငြီးငွေ့စရာကောင်းတဲ့ဆက်ဆံရေးကြီးကို သူတက်နိုင်သမျှလစ်လျှူရှူတယ်။
နှစ်ယောက်လုံးသိနေတာပဲ ဒီဆက်ဆံရေးကြီးကိုပခုံးပေါ်ထမ်းထားရတာ သိပ်ပင်ပန်းနေပြီဆိုတာကို...။ရေချိုးခန်းတံခါးဖွင့်သံ ၊ ရေကျသံ တချို့ထပ်ကြားရတဲ့ အသက်ကို ခက်ခဲစွာ ရှုသွင်းရင်းအဲ့ဒီအသံတွေကို အကြောင်းပြချက်မရှိနားစွင့်နေမိတယ်။ ခြောက်စပြုနေတဲ့မျက်ရည်စီးကြောင်းတွေအတိုင်း ထပ်စီးဆင်းလာတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့ အကြမ်းပတမ်း
ဖိသုတ်ပစ်လိုက်တယ်။ခြေသံမှန်မှန်ထပ််ကြားရတဲ့နောက်မှာကလစ်ဆိုတဲ့ခုလုတ်နိပ်လိုက်သံနဲ့တူ အခန်းတစ်ခုလုံး လင်းထိန်သွားတယ်။ နီရဲနေတဲ့မျက်လုံးတွေကိုသူ့ကိုမမြင်စေချင်ဘူး ။ စိတ်ပူမှာစိုးတာထက်
ရူံးနိမ့်နေပြီးဆိုတာ သူ့ကိုမသိစေချင်ဘူး။အစကထဲက သူနဲ့ပတ်သတ်လာရင်အရှုံးသမားပဲဟာ ... ထားပါ။
ခါးမှာ သပတ်တထည်သာ ပတ်ထားပြီး အညိုရင့်ရင့်ဆံပင်ကရေစက်တွေဟာ အ၀တ်မရှိတဲ့ရင်ဘတ်ပေါ်တစက်ပြီးတစက်စီးကျနေတယ်။
YOU ARE READING
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...