Once beautiful memories can turn into Something we don't want to remember.
Warning ⚠️: foul language.
╔═════════════════════════╗"မင်းကလေးမွေးပြီးသွားရင် ငါတို့ ကွာရှင်းရအောင်"
သူမ သိပ်တော့ ဒီစကားကို သိပ်တော့ မမျှော်လင့်ထားပါ သို့သော် မအံဩမိ၊ ဖြစ်ပျက်နေသမျှအရာအာလုံးက ဒီဆက်ဆံရေးပြိုကွဲဖို့ပဲ ဦးတည်နေမှာတော့ ဘဲလ်လဲ ဆွဲမထားချင်တော့ပါ။ အတူတူနေကြမယ်ဆိုရင်လဲ တစ်ယောက်ကို တစ်ယောက် နာကျင်မှုတွေပေးနေတဲ့ဆက်ဆံရေးမျိုးမို့ ဒီလမ်းက ပိုကောင်းပါတယ်လေ။ ရင်ထဲမှာ ဆွဲဆုတ်ခံထားရသလိုဖြစ်သွားပေမယ့် ဘဲလ် မျက်နှာကို တည်ငြိမ်ချင်ယောင် ဟန်ဆောင်လိုက်တယ်။
"အင်း...သဘောပဲ"
ယွန်းဂီရဲ့မျက်နှာ ပိုဖြူဖျော့သွားပြီး ပိုမို တည်တင်းသွားသယောင် ခံစားရသည်။
"မင်း ဘာလို့လဲ တောင် ငါ့ကို မမေးတော့ဘူးလား, heather bell?"
"မေးရင်ရော? ဖန်တရာထပ်နေတဲ့ အဖြေတွေပဲလဲ ရှင်ရော ကျွန်မရောသိပါတယ်၊ ကျွန်မတို့ ဆက်ဆံရေးက အလုပ်မဖြစ်တော့ဘူးဆိုတာ"
သူကား Steeler wheel ကို လက်နဲ့ဆောင့်ပုတ်လိုက်တော့ သူမတချက်လန့်သွားသည်။ ဘေးတစ်စောင်း သူမျက်နှာက တည်တင်းခပ်ထန်နေသည်။ တစ်ခုခုကိုမျို သိပ်ထားသလို၊ ပေါက်ကွဲထွက်တော့မလို့။
"ငါ သိနေတယ်, မင်း က ဟန်ဆောင်ပြီးတောင်မှ ၀မ်းနည်းမပြဘူးနော် ဘာလဲ? မင်းရဲ့ မောင်လေးက နဖားကြိုးထမ်းပြီး အိမ်မှာ တင်ကျွေးမှာတဲ့လား"
သူစကားတွေက နားထဲခါးသက်လှသည်။ အဲ့ဒီသံသယတွေ ခပ်ထေ့ထေ့စကားတွေ တဖတ်သတ်စွပ်စွဲမှုတွေကပဲ သူတို့နှစ်ယောက်ကို ဝေးကွာစေခဲ့တာဖြစ်သည်။
"ဘောမ်နဲ့ ဘာမှမဆိုင်တာ! ရှင် ကွာရှင်းမယ်ပြောလို့ ကျွန်မ အင်း ဟုတ်ပြီ ပြောတာလေ ဘာတွေများမျှော်လင့်နေတာလဲ? ကျွန်မက ရှင့် ခြေထောက်ကိုဖက်ပြီး ထွက်မသွားနဲ့ တောင်းပန်ရမှာလား"
သူ တောက်တချက် ခပ်ပြင်းပြင်းခေါက်ကာ သူမ မျက်နှာကို သူနဲ့ လက်နဲ့ ဆွဲညစ်ပစ်ကာ သူဖက် အတင်းဆွဲလှည့်သည်။
အရှိုက်ထိသွားသယောင် သူ့မျက်နှာဖြူဖျော့ဖျော့က ဒေါသတွေနဲ့ရဲနေသည်။
YOU ARE READING
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...