If they ask you about me,
tell them,
❝ she was the only person that loved me with honesty,but i never understand ❞╔════════════════╗
[ Recommend : Listen to the song on cover]
နိုးစက်မြည်လာတော့ဘဲလ် အိပ်ယာပေါ်က
မထချင်ထချင်ထရင်း တွန့်တက်နေတဲ့hello kitty ရုပ်တွေပါတဲ့ pajamaကိုဆွဲချရင်း သမ်းကာ မျက်နှာသစ်ရန် ရေချိူးခန်းထဲ၀င်သွားလိုက်သည်။မျက်နှာသစ်ပြီးတော့ အခုတလော နေထိုင်မကောင်းပဲ အန်ချင်သလိုလိုဖြစ်နေတာကိုတွေးရင်း မီးဖိုခန်းထဲထွက်လာလိုက်သည်။
"ဟဲ့ ဘုရားရေ!"
တပတ်ကိုင်ရင်မီးဖိုထဲ၀င်လာတဲ့သူမ
အဖြူရောင်ဗြောင်ရှပ်ကိုပေါ့ပေါ့ပါးပါး၀တ်ထားကာ မီးခိုးရောင် sweat pant နဲ့
ယောင်္ကျားတစ်ယောက်ရဲ့ နောက်ကျောကြောင့်လန့်ဖြန့်သွားသည်။အငွေ့ထောင်းထောင်းထနေသည့်
ကော်ဖီခွက်ကိုကိုင်ပြီး ကြောင်လို စူးရှတဲ့မျက်၀န်းတွေက စိတ်ရှုပ်စွာကျုံထားသော မျက်နှာသွင်ပြင်သည်သူမဖက်လှည့်လာတာကြောင့် ဘယ်သူလဲသိလိုက်ရသည်။"ဒီနေ့ ဘယ်မှမသွားဘူးလား"
သူမ၀တ်ကျေတန်းကျေမေးလိုက်သည်။
"ငါအိမ်မှာရှိနေတာ မင်းအတွက်အနှောက်အယှက်ဖြစ်လို့လား"
တကိုယ်လုံးကို ဝေ့ကြည့်ရင်း ခနဲ့ပြီးထွက်လာတဲ့သူ့စကားကြောင့် စိတ်ညစ်စွာ သူ့ကိုကြည့်လိုက်မိသည်။
"မေးကြည့်တာလေ ဘာပြောနေလို့လဲ"
သူကဘာမှမပြောပဲ ကော်ဖီခွက်ကိုင်ကာ ထမင်းစားပွဲမှာထိုင်ပြီး သီချင်းစာရွက်ဖြစ်ဟန်တူသောစာရွက်တွေကို သေချာကြည့်ရင်း ကော်ဖီသောက်နေသည်။
ဘာလို့မှန်းမသိပေမယ့် သူအိမ်မှာရှိတာကို မသိစိတ်က အနည်းငယ်ပျော်နေသည်။
ပြသာနာတွေခနခနရှာတက်ပေမယ့် ကိုယ့် ခင်ပွန်း အိမ်ကပ်နေတာကိုတော့ အနည်းငယ်ပျော်သည်ပေါ့။ပါမုန့်လေးချပ်ကို toasterထဲထည့်ပြီး ဒယ်ပြားထဲ ကြက်ဥဖောက်ထည့်ကာ
ကြော်လိုက်သည်။
YOU ARE READING
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...