when i met you i am the one who the most happiest in this world. now everything changed. like we are on seesaw. sometime we're happy like seesaw up,sometime we are broken like seesaw down.
╔══════════════════╗
[ Recommend: listen seesaw by suga]
____________________________
မှန်တွေသုတ်ရင်းမနေ့ကယွန်းဂီပြောတဲ့စကားကိုပြန်စဥ်းစားမိသည်။ ဘာ ထွက်သွားရင်? အဲ့တာဘယ်လိုစကားကြီးလဲ။ မသိတော့ပါဘူး ဆက်မစဥ်းစားတော့ရင်ကောင်းမယ် သူ့အမေချွန်သွားတာတွေကိုပြသာနာမရှာတာကိုပဲကျေးဇူးတင်လှပါပြီ။ ဒီနေ့လဲမနက်ကထဲကထွက်သွားပြန်ပြီ။ ဘယ်တော့မှပြန်လာမလဲမသိ။ မီးဆိုင်းတွေသုတ်ဖို့လှေကားသယ်ကာထောင်လိုက်သည်။ ကိုယ်ဝန်ကြီးနဲ့အမြင့်မတက်သင့်မှန်းတော့သိပါတယ်။ ဒါပေမယ့်ဘဲလ်မှမလုပ်ရင် ဘယ်သူမှလာပြီးသန့်ရှင်းရေးလုပ်မှာမဟုတ်။
ဖြေးဖြေးချင်းတက်သွားပြီးသေချာသန့်ရှင်းရေးလုပ်နေတုန်း ဖွင့်ထားတဲ့ကပ်ဆပ်က သူမအကြိုက်ဆုံးသီချင်းထဲကတစ်ပုဒ်လာတော့ သတိတောင်မထားမိပဲ ခန္ဓာကိုယ်က လှုပ်လှုပ်ယွယွဖြစ်လာသည်။
မင်ယွန်းဂီprodထားတဲ့သီချင်းထဲကတစ်ပုဒ်
ဖြစ်သည်။ we don't talk together တဲ့။ ဘဲလ်အလိုက်သင့်ခန္ဓာကိုယ်လှုပ်ရင်း ပါးစပ်ကနေ အသံပြဲကြီးနဲ့စိတ်လွတ်လက်လွတ်လိုက်အော်ဆိုနေမိသည်။ အိမ်မှာဘဲလ်တစ်ယောက်ထဲရှိသည်မဟုတ်လား။~i know~ ငါ့တို့အရမ်းချစ်ခဲ့ကြလို့ we don't talk together~ ~ငါကတော့အခုထိနင့်အပိုင်ဖြစ်နေတုန်းပါပဲ
why don't you အသိအမှတ်မပြုချင်ရတာလဲ~
why don't you~ ငါမင်းကိုလက်မလွတ်လိုက်ချင်ဘူး~ကိုယ်ကိုလှုပ်ခါရင်းဆိုနေရင်းကလှေကားကြီးနဲ့ကာ စောင်းလာမှ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့အရှိန်သတ်လိုက်သော်လဲနောက်ကျသွားပြီး တဖြေးဖြေးစောင်းရင်းစောင်းရင်းကျဖို့
ဝုန်းကနဲအဖြစ်ဘဲလ်လိပ်ပြာလေးတွေ
ကလူကလူဆိုပြီးပျံကုန်ကာ မျက်လုံးကိုစုံမှိတ်ပြီးအားကနဲအော်ချမိသည်။လှေကားကြီးဝုန်းဆိုပြုတ်ကျသွား
သံကြားရပြီးတပြိုင်နက်သူမထင်သလိုကြမ်းပြင်ပေါ်ခြေကားယားလက်ကားယားမသေပဲ တစ်ယောက်ယောက်ကစွေ့ကနဲဖမ်းတာခံ
လိုက်ရသည်။မြေပေါ်မပြုတ်ကျသွားတာတောင်ဘဲလ်မျက်စိစုံမှိတ်ကာအော်လို့
ကောင်းဆဲပင်။နဖူးကိုကိုဖတ်ကနဲလာတောက်တဲ့လက်ကြောင့် အော်တာရပ်ကာ မျက်လုံးလေးပြူးကြောင်ကြောင်
ဖွင့်ကြည့်မိသည်။ မှုန်ကုပ်ဆူပုတ်နေသောသူ့မျက်နှာနဲ့
တန်းကနဲပါပဲ။
YOU ARE READING
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...