Cried, cried for you.
but you never gave a shit about how I feel.
you broke my heart over and over again.
Like is was nothing, Like I was nothing, min yoongi╔════════════════╗
Song recommend •
we don't talk anymore[ အကြောင်းအရင်းမရှိပဲရန်ဖြစ်နေတယ်လို့
မထင်စေချင်ပါဘူးနောက်ပိုင်း ဘာလို့လဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်
ဟယ်သာဘဲလ်အဖြစ်ပျော်ရွင်ပါစေ ;) ]
______________နောက်ကျောပြင်ကဆတ်ကနဲလှုပ်ရှားမှုတစ်ခုကြောင့် ဘဲလ်အိပ်တ၀က်နိုးတ၀က်ဖြစ်သွားသည်။ နောက်ဆက်တွဲငြီးသံတိုးတိုးလေးနဲ့အတူ
နောက်ကျောကိုထိကပ်လာတဲ့ ခပ်နွေးနွေး ကိုယ်ထည်။မျက်လုံးကိုတချက်နှစ်ချက်ပွတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်တော့ မထင်မှတ်ထားတဲ့အရာမို့ အနည်းငယ်မျက်လုံးပြူးသွားရသည်။
မင်ယွန်းဂီ...?
လက်နှစ်ဖက်ပိုက်ထားလျှက်တကိုယ်လုံးကျုံကာ အနည်းငယ်တုန်နေပြီးငြီးသံတိုးတိုးလေးတွေထွက်နေသည်။ အိပ်နေရင်းယောင်နေ
သည့်ပုံ။မဟုတ်ရင် သူမရှိတဲ့ဖက်ကိုမျက်နှာမူချင်တာတောင်မဟုတ်တဲ့လူလေ တော်တော်လည်းချမ်းနေပုံရသည်။စိုးရိမ်စိတ်လေးဖြတ်ပြေးသွားတာကြောင့်စောင်ထဲထည့်ထားတဲ့လက်ကိုထုတ်ကာ သူ့ဖက်အပြည့်လှည့်လိုက်ပြီး ဖွဖွလေးနဖူးပေါ်တင်စမ်းကြည့်လိုက်သည်။
ထင်တဲ့အတိုင်းပါပဲလေ မီးကျီခဲလိုပူခြစ်နေသည်။
အနာတရတစ်ခုခုဖြစ်ရင် သိပ်မကြာချင်ဖျားသွားလောက်အောင်သူ့ခန္ဓာကိုယ်ကနုနုလေးရယ်
ဘယ်လောက်ပဲ ယောင်္ကျားလေးဖြစ်ပါတယ်ဆိုအုန်း အဲ့လိုနုနုလေးမို့ အရင်တုန်းကအဖြစ်သည်းတယ်လို့ အပြောခံရတဲ့အထိ
သည်းသည်းလှုပ်ဂရုစိုက်ခဲ့တာ အင်း
အခုတော့...သူ့ခြေထောက်နေစီးကျနေတဲ့သွေးစက်တွေမြင်တော့ စိတ်ထဲလေးသွားရသည်။ အရွဲ့တိုက်ပြီးပေတေနေချင်တာလဲသူ့အပြင်မရှိဘူး
နေမကောင်းဖြစ်လွယ်လွန်းတာလဲသူ့အပြင်
မရှိဘူး။ဘဲလ် ခြုံထားတဲ့ ဂွမ်းစောင်အထူကြီးကို ပိုနွေးသွားအောင်နှစ်ထပ်ခေါက်ကာသူ့အပေါ်လွှမ်းခြုံပေးလိုက်သည်။
YOU ARE READING
Handle The Fragile Between Us | MYG
أدب الهواة"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...