We loved eachother, but fate ruined everything about us.
╔═════════════════════════╗
သွေးတွေနဲ့ဖြူဖျော့နေတဲ့ဘဲလ်ကိုကြည့်ကာ ယွန်းဂီရဲ့ ကမ္ဘာကြီးတစ်ခုလုံးပြောင်းပြန်လန်သွားရသည်။ အထိပ်ထိပ်အပြာအပြာဖြင့် ပျော့ဖတ်နေသော ကိုယ်လုံးလေးကို ပွေ့ချီကာ ကားဆီ ပြေးတော့သည်။ နောက်ခန်းမှာ သူမကိုနေရာအသာချပြီး၊ ဆေးရုံဆီမြန်နိုင်သမျှမြန်အောင် မောင်းရတော့သည်။
ဆေးရုံရောက်တော့ ပျော့ဖတ်နေတဲ့ဘဲလ်ကို ချီကာ ပြနေကြဆရာ၀န်ဆီ အတင်း တွန်းတိုက်ပြီး၀င်လာမိသည်မှာ ရူးတော့မည့်အတိုင်း။ မင်းကိုမချစ်တော့ပေမယ့် သေလို့မရသေးတာ မင်းသိထား စမ်းပါ။ မဟုတ်ရင် ငါအသက်ရှင်ရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ကွာ။ မင်းကပဲ ပြသာနာအစကိုဖန်တီးခဲ့ပြီး အမြဲတမ်းသနားကမားပုံစံလေးနဲ့ ငါကိုလူဆိုးကြီးဖြစ်အောင်လုပ်တယ် အခုလဲ အဆုံးမှာ ငါ့ကိုတစ်ယောက်ထဲ ထားခဲ့ပြီး လူဆိုး လုပ်ခိုင်းအုန်းမှာလား။ ဆရာ၀န်တွေ နာ့စ်တွေဘဲလ်ကိုအသဲအသန်စစ်ဆေးနေတဲ့အချိန် သူခပ်လှမ်းလှမ်းမှာ မလှုပ်မရက် တောင့်တောင့်ကြီးရပ်ကာ လက်သီးကိုတင်းနေအောင်ဆုပ်ထားမိသည်။ ငါပြောင်းလဲသွားရတာ အားလုံးက မင်းကိုချစ်လွန်းလို့ပါကွာ။ ငါက မင်းနားကထွက်သွားဖို့သဘောတူခဲ့တာလဲ မင်းကိုချစ်လွန်းလို့ပဲ။ အမြဲတမ်း...အမြဲတမ်း မင်းကို မုန်းတယ်လို့ ငါ့ကိုငါလိမ်ပြီး ရှေ့ဆက်ခဲ့ရတာ။ တခြားယောက်င်္ကျားတစ်ယောက်နဲ့ မင်းရဲ့ပုံစံကိုပြန်မြင်ယောင်တိုင်း ငါဆိုတဲ့ကောင်က ယောင်္ကျားကြီးတန်မဲ့နဲ့ငိုမိလို့...အမှတ်တရတွေကို ပြန်မြင်တိုင်းရင်ထဲမှာ စုတ်ပြတ်သတ်နေအောင်နာရလွန်းလို့ မင်းဘေးနားက ပြေးပြီးရင်း ပြေးခဲ့မိတယ်။ မင်းမျက်နှာလေးနာကျင်နေတာကိုမြင်တိုင်း အဲ့လိုလုပ်ခဲ့မိတဲ့ ငါ့ကိုယ်ငါ မုန်းလွန်းလို့ အိပ်မပျော်နိုင်ခဲ့တာတွေ၊ တင်းနေအောင် ဆွဲဖက်ထားပြီးကွဲကြေနေတဲ့ ငါတို့ရဲ့ ဆက်ဆံရေးကို ပြန်ပြင်ချင်မိတာတွေ မာနကြောင့် ငါဘာမှပြောမထွက်ခဲ့ဘူး ငါ့ကိုငါ လူဆိုးလုပ်ပြီး မင်းကိုနာကျင်သည်ထက်နာကျင်အောင်အဝေးကိုတွန်းပို့ခဲ့မိတယ်။ မင်းရှင်းပြမယ်ဆိုတဲ့စကားကိုတောင် ငါဘယ်တော့မှာနားမထောင်ပဲ အတ္တတွေနဲ့ ပိတ်ထားခဲ့တာ။ ငါ ကြောက်မိလို့နေမယ် အကယ်၍ မင်းရဲ့အမှန်တရားဟာ ငါ့ထင်ထားသလိုမဟုတ်ခဲ့ရင် ဘာမှပြန်ပြင်လို့မရတော့မှာကို။
YOU ARE READING
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...