4. Sudden change

1K 123 153
                                    

If you don't love me, why do you not want to let me go?

-Heather Bell

you little dumb, I won't never let you go. Do you know why?
I'm selfish. I don't want to love you, but you must love me

-Min yoongi

╔════════════════╗

ဘဲလ်ပြောစရာ စကားမရှိအောင်ဆွံ့အ
သွားသည်။ ကိုယ်၀န်တဲ့လား။ ဒီလောက်ပြိုကွဲနေတဲ့ ဆက်ဆံရေးကြီးနဲ့နှစ်ယောက်ကြားကို သွေးသားရင်းချာတစ်ယောက်ခေါ်
မသွင်းချင်ပါ။ ပြီးတော့ မင်ယွန်းဂီ သူသေချာပေါက်ကို ပြသာနာရှာလိမ့်မည်။ သောင်းကျန်းလိမ့်မည် သူစွပ်စွဲမဲ့ အကြောင်းအရာတွေကိုလဲသူမကြိုသိနေ
သည်‌လေ မင်ယွန်းဂီဆိုတာ သူမကိုဘယ်တုန်းကမှမယုံကြည်ခဲ့တဲ့သူ။

ပျော်ရမဲ့အစားရင်ထဲတင်းကျပ်သွားသည်။
မင်ယွန်းဂီသာ ပြသာနာရှာရင် သူမတကယ်သီးမခံတော့ပါ။ အိမ်ပေါ်ကဆင်းကာ သူမကလေးကို တနေရာမှာ ပျိုးထောင်တော့မည်။

"ကိုယ်၀န်ကို သုံးပတ်တခါ လာပြပေးပါ ဒါဆို ခများတို့ပျော်မဲ့အချိန်လေးကိုမနှောက်ယှက်တော့ပါဘူး ကျွန်တော်သွားပြီ"

ဒေါက်တာထွက်သွားတော့ သူမ ခေါင်းကို အောက်ငုံထားကာ မော့မကြည့် မင်ယွန်းဂီဖြစ်နေမဲ့ မျက်နှာကိုလဲမြင်ချင်စိတ်မရှိ။ အိမ်ပြန်ရောက်ရင်လဲ အဆိုးဆုံးဆိုတာကို ပြင်ဆင်ထားလိုက်သည်။

"အိမ်ပြန်မယ် လမ်းလျှောက်နိုင်လား"

"အင်း"

ခံမှန်းရခက်စွာ ပုံမှန်အနေအထားလို လေသံခက်အေးအေးထွက်လာတော့
နည်းနည်းကြောင်သွားရသည်။

ရှေ့ကနေ ထွက်သွားတဲ့ သူနောက်ကနေလိုက်ရင်း ကား‌ဆီရောက်တော့ ရှေ့ခန်းမှာ၀င်ထိုင်လိုက်သည်။

တငြိမ့်ငြိမ့်သွားနေတဲ့ကားပေါ်မှာ သူတို့ ဘာစကားမှမပြောဖြစ်ခဲ့ကြ။

အိမ်ရောက်တဲ့ထိ မခွန်းမှမဟတာကြောင့် ဘဲလ်ကပဲ မနေနိုင်မထိုင်နိုင်စကားစလိုက်
ရသည်။

"ရှင်ဘယ်လိုလုပ်ချင်လဲ"

"ဘာကိုလဲ?"

"ခုနက ဆေးရုံမှာ ဒေါက်တာပြောတာ
ရှင်ကြားမှာပေါ့ အဲ့အတွက်ဘာမှပြောစရာမရှိဘူးလား"

Handle The Fragile Between Us | MYGWhere stories live. Discover now