6. Glimpse of us

408 47 10
                                    


Although it was dark, we saw a small glimpse of us, but it soon disappeared.

╔══════════════════╗

Studio ခန်းမှောင်မှောင်ထဲမှာ စီးကရက်နံ့တွေလှောင်ပိတ်ကာ ‌မွှန်ထူနေသည်။ ရုတ်တရက်လူတစ်ယောက်၀င်လာလျှင်တောင် အသက်ရူကျပ်စေနိုင်သဖွယ်။

တွန့်ကျုံ့ထားတဲ့ မျက်ခုံးစပ်နှစ်ခုဟာထိလုနီးပါး။ ဆံပင်အညိုရောင်တွေမဖီးမသင်ထားသလိုပွယောင်းနေသောသူသည် စိတ်လွတ်စွာဆေးလိပ်ကိုတရှိုက်ပြီးတရှိုက်ဖွာနေသည်။

ခံစားချက်တစ်ခုဟာ တပြိုင်ထဲပြင်းပြင်းထန်ထန်ဖြစ်ပေါ်နိုင်သလား ..သူမသိ။ အခုချိန်မှာတော့ သူ့ခေါင်းထဲတွေအတွေးများရှုပ်ရှပ်ခက်စွာပြန့်ကျဲနေသည်။

"ဟန်နီ...သားသိပါမှာပါ ဟယ်သာ ဘဲလ်က မင်းအပေါ်‌သစ္စာရှိတဲ့မိန်းမဟုတ်ရဲ့လားဆိုတာ...မင်းကို မေမေအခုချိန်တော့သိပ်ပြောချင်သေး ဘူး ဒါပေမယ့် မင်းဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချပါ မင်းဆုံးဖြတ်ချက်ကမမှန်ရင်တော့ မေမေက ဘယ်နည်းနဲ့ဖြစ်ဖြစ် တည့်မတ်ပေးဖို့၀န်မလေးဘူး"

ဟုတ်ပါသည်။ ဟယ်သာဘဲလ် ငိုယိုပြီးအိပ်သွားတော့ဒီနေ့လဲ
သူ့အမေ ထပ်ရောက်ချလာတဲ့ အ‌ကြောင်းက သေချာပေါက်ကို ဟယ်သာဘဲလ်နဲ့ ကွာရှင်းဖို့တိုက်တွန်းခြင်းမည်သော အကျပ်ကိုင်ခြင်း အတွက်ရောက်လာခြင်းဖြစ်သည်။ ထိုအကျပ်ကိုင်ခြင်းက သူ့ကိုထိခိုက်နစ်နာစေမည်မဟုတ်ပေမယ့် ဟယ်သာဘဲလ်ကိုတော့ အနည်းသို့မဟုတ်အများ ထိခိုက်နစ်နာစေနိုင်မည်။
သူ့အနေနဲ့မထိခိုက်မနစ်နာနိုင် ဒီလို စောက်ပြသာနာတွေနဲ့ပြည့်နေတဲ့ အိမ်ထောင်ရေးနွံထဲနစ်နေမည့်အစား ဘ၀သစ်တစ်ခုဖြင့်ရှင်သန်လွတ်လပ်စေမည့်အစီအစဉ်ကို သူ့ဘာကြောင့်လက်မခံနိုင် စိတ်မအေးနိုင် ဖြစ်နေမိသည်ဆိုတာသူကိုယ်တိုင်ပင်နားမလည်ပေ။ 

Handle The Fragile Between Us | MYGWhere stories live. Discover now