We... Fall in love each other
And... We were happy,Now we were broken...
The Memories,still
hunting meThe memories, still have vivid around me , fucking annoy me
╔════════════════════╗
[ Recommend : Listen playlist]You're not the boy I fall in love with, min yoongi
_____________
ရှဲဆိုတဲ့အသံနဲ့ တူးနံ့ရတော့မှာ ပြတင်းပေါက်က ဒေစီပန်းတွေနဲ့စုံတွဲကို
တွေတွေကြီးငေးမိနေရာကနေ ဒယ်ပြားထဲက ကြက်ဥကြော်ဆီ အကြည့်ပို့ကာ အမြန်
ဆယ်ပြီး ပန်းကန်ထဲဖြစ်သလိုထည့်လိုက်တယ်။ထပ်ပြီးတူးပြန်ပြီပဲ။
ပျော်ရွင်နေတဲ့ စုံတွဲလေးတွေကိုတွေ့ရင်
၀မ်းနည်း၀မ်းသာ ငေးမိတဲ့အကျင့်ကြီးကဆိုးလိုက်တာ။ တချိန်ကလည်း အဲ့လိုလေးပျော်ခဲ့ဖူးပေမယ့်...
ပေါင်းအိုးထဲက ထမင်းတဇွန်းစာခူးပြီး
ပန်းကန်လုံးလေးထဲသိပ်လိုက်ကာ
ကြက်ဥကြော် ပန်းကန်ကိုယူပြီး ထမင်းစားပွဲမှာထိုင်ကာ နေရာချလိုက်တယ်။တူးနေတဲ့ကြက်ဥကြော်ကို စိတ်မပါလက်
မပါဆွဲဖြတ်ကာ ထမင်းပေါ်တင်ပြီး
ဇွန်းနဲ့ခပ်ကာစားမယ်အလုပ် မျက်နှာချင်းဆိုင်က ခုံအလွတ်ဆီ အကြည့်ရောက်သွားတော့ လက်တွေလေထဲမှာရပ်တန့်သွားရသည်။( "ယွန်း...မစားဘူးလား"
"ဟင့်အင်း Honeyစားနေတာလေးမြင်ပြီးဗိုက်ပြည့်သွားပြီ"
"ခစ်ခစ်...အပိုတွေပါ"
"ဟောဗျာ...မယုံရင်သက်သေပြရမလား"
"တော်ပါတော့ ထမင်းစားလို့ဆို"
"ချစ်ဖို့ကောင်းအောင်ပြောနေတာပဲ
ကိုယ့်ရဲ့ဒေစီပန်းလေး" )ထမင်းခပ်ထားတဲ့ ဇွန်းသည်လေထဲကနေကြမ်းပြင်ပေါ်သို့ အတားအဆီးမရှိ
ပြုတ်ကျသွားခဲ့သည်။
အဟားး...မျက်ရည်တွေထပ်ကျလာပြန်ပြီ
စိတ်ပျက်ဖို့ကောင်းတဲ့မျက်ရည်တွေ ဘယ်လောက်ထိန်းထိန်းမရတဲ့မျက်ရည်တွေ
ခန္ဓာကိုယ်က လည်ပတ်မှုတွေက
အမှတ်တရတချို့ကြား
ခတ္တရပ်တန့်သွားခဲ့ပြီ။
YOU ARE READING
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...