ရှေ့ဆက်ရန်မရှိ (2 seok )

644 67 3
                                    

For Unicode

°°ထာ၀စဥ် သိပ်ချစ်တတ်လို့ မှားခဲ့သူမှာ
    ရင်ခုန်သင်ရိုး ညွှန်းတမ်းက
    ဒဏ်ရာ သင်ခန်းစာ ပဲကွယ်...

    ဟိုစဥ် ဘ၀ရဲ့ ကျောင်းထဲ
    အချစ်ဖတ်စာကို သေချာမကြေညက်ခဲ့
    တော့လဲ ဒဏ်ရာတွေပဲ ကိုယ်ရတယ်...

    မှားပြန်တယ် °°

________________÷÷÷÷÷÷÷________

အမှားတွေကို ထပ်ခါ ထပ်ခါ ကျူးလွန်မိတာ
အညိုရောင် မျက်၀န်းလေးရဲ့ စွဲငင်အားပေါ့..

------------°°°°°°°°°•••••••_______

" ကဲကဲ!!! တိတ်တိတ်နေကြ..ဒါအခုမှ ပြောင်းလာတဲ့ ကျောင်းသားသစ်လေး "

ဆူညံနေသော အသံတွေအကုန်တိတ်ကာ ဆရာမစကား အဆုံး အပေါက်၀နား ရပ်နေတဲ့ ကျောင်းသားသစ်ဆီ မျက်လုံးများစုကြသည်။

" သားလေး မိတ်ဆက်လိုက်ဦး "

" အာညော်...ဂင်မ်ဆော့ဂျင် ပါ ကူညီပေးကြပါဦး "

အပြုံးချိုချိုနဲ့ မျက်၀န်းညိုညိုလေး....

" ငါက ဂျောင်ဟိုဆော့ပါ...ဆော့ကီးလို့ခေါ် ဂျင်ရား "

" အင်း ဆော့ကီးးးဟီးဟီး "

ဆော့ဂျင်က အနေအေးပင်မဲ့ အပေါင်းသင်းတွေနဲ့ဆိုရင်တော့ စကားတစ်အားများတတ်တဲ့ ကောင်လေး။
ဂျောင်ဟိုဆော့...သူကတော့ အမြဲပြုံးရွှင်နေတတ်တဲ့ သူတစ်ယောက်...

တစ်ခြားသူတွေသူ့ကြောင့်ရီမောနေရင်တောင် မျက်၀န်းညိုလေးကို ပိုပျော်စေချင်မိတဲ့ စိတ်ကူးလေးက စတွေ့ထဲကပေါ့။

" ဆော့ကီး စက်ဘီးပတ်စီးကြမလား "

ဟိုဆော့ ခေါင်းခါပြတော့ ဆော့ဂျင်ဆူပုတ်သွားသည်။

" ငါမှတင်မနင်းနိုင်တာ ဂျင်ကလဲ "

" ဒါဆို ဒီကစောင့် ငါမင်ဟို နောက်က လိုက်စီး ချင်လို့ "

" အင်း ဂရုစိုက်ဦး "

စက်ဘီးနောက် ခွထိုင်ရင်းပြုံးရီနေသော ဆော့ဂျင်ကို ဟိုဆော့ငေးကြည့်သည်။
မျက်၀န်းညိုလေး အပြုံးတွေက တောက်ပလိုက်တာ...

" ဂျင်!!! "

ရုတ်တရက် စက်ဘီးနောက်က ခုန်ဆင်းလိုက်သော ဆော့ဂျင်နား ဟိုဆော့အပြေးတစ်ပိုင်း ရောက်သွားသည်။

jin one shotМесто, где живут истории. Откройте их для себя