only you(namjin)

1.5K 146 6
                                    

"Kim seokjin မင်းဒီလိုပဲ အလေ လိုက်နေမှာလား''

ဖအေ ဖြစ်သူရဲ့အမေးကို ပြန်မဖြေပဲ ph ဆက်နှိပ်နေ
သော seokjin ကြောင့် Mr..kim ဒေါသတွေထွက်
လာသည်

"Kim seokjin ငါမေးနေတယ်မကြားဘူးလား''

"ဘာလဲ.ကျွန်တော် ရန်ဖြစ်မှ အဖေဖြစ်သူ ကိုတွေ့ရမှာ
မဟုတ်လား''

"Kim seokjin..ငါက မင်းလိုအားယားနေတာ မဟုတ်ဘူး.မင်းကို တင့်တင့်တယ်တယ်ထားနိုင်အောင်ငွေ
ရှာနေတာကွ''

Seokjin နှုတ်ခမ်းထက်၌ မဲ့ပြုံးတစ်ခုတပ်ဆင်ပြီး

"အမေပေးခဲ့တဲ့ အမွေတွေက ကျွန်တော့တသက်စားမ
ကုန်ဘူး.ငွေနောက် ပဲလိုက်ပြီး ငွေကြိုက်တဲ့သူဖြစ်နေ
တာကတော့ အဖေ ကိုတိုင်ပဲ''

Seokjin ဖခင်ကို ပြန်ပြောပြီး သူ့အခန်းထဲသို့ဝင်သွား
လေသည်.
Mr.kim သည် seokjin ကို မိခင်ဆုံးပြီးကတည်းက လိုလေသေးမရှိ အကုန်အလိုလိုက်သည်.
မိခင်မရှိသည်မို့ တခြားသူများ လက်ညိုးထိုးမည်ဆိုး
သောကြောင့် အလုပ်ကိုသာ အားစိုက်လုက်ကိုင်ခဲ့သည်
ဒါတွေသည် သားဖြစ်သူအား ချစ်တဲ့စိတ်ကြောင့်ပင်..

Seokjin ကတော့ သူ့အဖေကသူ့ကို ဂရုစိုက်ဘူးဟု
ထင်ကာ စိတ်ထင်ရာ လုပ်တတ်သည့်ကလေးဆိုးပင်...

=================
တီ..တီ..တီ

အစည်းဝေးသွားရန်ပြင်နေချိန် ဝင်လာသော ph ကြောင့် Mr.kim မျက်မှောင်ကျုံ လိုက်သည်.

"Hello.mr kim ပါ''

"*-=$#(===+''

"ဗျာ..ဟုတ်ဟုတ်.လာခဲ့ပါမယ်''

Mr kim ph ချပြီးတော့ သက်ပြင်းအရှည်ကြီးချလိုက်
သည်.ထုံးစံ အတိုင်း သားတော်မောင်သည် ရန်ဖြစ်၍ ရဲ
စခန်းရောက်နေခြင်းဖြစ်သည်.
ဒီနေ့အစည်းအဝေးသည် အလွန်အရေးကြီးသောကြောင့် ပျက်လို့မဖြစ်...

"သူဌေး အဆင်ပြေရဲ့လား''

Mr.kim သူ့ရှေ့က အတွင်းရေးမှူးအားခေါင်းခါပြရင်း
ရုတ်တရက်အတွေးတစ်ခုဝင်လာသည်.

"Joon မင်းငါ့သားဆီ သွားပေးပါလား''

Namjoon Mr.kim ရဲ့သားဖြစ်သူထံရောက်လာ
သည်.

Seokjin လာနေကျ သူ့အဖေ မဟုတ်သောကြောင့်
Namjoon ကို မျက်စောင်းထိုးကာ ကဲစခန်းမှ ထွက်
လာသည်.

jin one shotTempat cerita menjadi hidup. Temukan sekarang