ဝေးကွာခြင်း(jinkook)

2.4K 191 16
                                    

ကျွန်တော်နဲ့ အကိုရဲ့ တွေ့ဆုံ မှုက ဆန်းပြားတယ်.
အကိုက အနေအေးတယ်.
စမက်ကျတယ်.ကြည့်ကောင်းတယ်.
ကော်ဖီဆိုင်လေးရဲ့ ထောင့်ဆုံးမှာအမြဲထိုင်တတ်ပြီး
မျက်မှန်အဝိုင်းလေးတပ်ပြီး စာဖတ်နေတတ်တယ်.

မျက်မှန်အောက်က မျက်ဝန်းလေးအား ရိုးတွင်းချဉ်ဆီထဲ
စိမ့်နေအောင် ချစ်သည်.

အကို့အကြောင်းတွေလိုက်စုံစမ်းကြည့်တော့ အကိုဟာ
အမေ့ကို လုပ်ကျွေးနေတဲ့သားဖြစ်သလို ပထွေးရဲ့ ကလေးတွေကို စောင့်ရှောက်ပေးနေရတယ်တဲ့...
အကို့မှာ အ ချိန်ပိုင်းအလုပ်တွေမှ အများကြီး..
ကျွန်တော်ကတော့ မိဘပိုက်ဆံထိုင်ဖြုန်းနေတဲ့ သား..
ဖြစ်နိုင်ရင် အကို့ကို ကျွန်တော့်ရင် ခွင်ထဲပဲ ထည့်ထား
ချင်တယ်.
အကို့ကို ကူညီချင်လွန်းလို့ ပထမနှစ်ကို ဘာမှမဖြေပဲ
၃ နှစ်လောက်ထိုင်နေပြီး လူမိုက်လုပ်နေတာ.ဒီနေ့
တော့ အကို စာလာသင်မဲ့နေ့ဆိုတော့ ကျွန်တော် စိတ်
လှုပ်ရှားနေတယ်.

တံခါးခေါက်သံနှင့်အတူ ဝင်လာသော အကို့ကြောင့်
ကျွန်တော့ အသက်ရှုသံတွေ ရပ်တန့်ရပြန်သည်.ပြုစား
နိုင်လွန်းတယ် အကိုရယ်...

"အဟမ်း..မင်းက jeon jungkook​နော်.hyung က Kim seokjin''

စားပွဲဘေးက ထိုင်ခုံတွင်ဝင်ထိုင်နေသော အကိုသည်
တကယ့်နတ်သားလေးအတိုင်းပင်...

"ဒီမှာ စာအုပ်မထုတ်ဘူးလား...ကျွန်တော့ကိုပဲ ကြည့်
နေမှာလား jung kook shi''

"အာ..စာအုပ်လား မရှိဘူး''

"ကျွန်တော် စာသင်ဖို့လာတာလေ''

"သိတယ်လေ''

"သိရင် စာအုပ်ထုတ်လေ''

"မရှိတဲ့ဟာ ဘယ်လို ထုတ်ရမလဲ''

Seokjin သူ့ရှေ့က ကောင်လေးအား ကိုင်ပေါက်ချင်
စိတ်တဖွားဖွား..

"အာ့တာဆို ဘာလို့စာသင်နေသေးလဲ jungkook
shi''

"အကို့ကို ထိုင်ကြည့်ချင်လို့''

ထိုကောင်လေးစကားကြောင့် seokjin မျက်နှာများ
နီရဲကာ

"ဒီမှာ jungkook shi စာမသင်ချင်လို့ ပြောချင်ရာ
ပြောနေတာဆိုရင်တော့...''

jin one shotTempat cerita menjadi hidup. Temukan sekarang