❕Mg❕(jinkook)

1.8K 168 32
                                    

For Zawgyi

"အချစ်ဟာဘာလဲလို့ မေးရင်
ကျွန်တော်ဟာ မောင် လို့ ပြန်ဖြေမယ်"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ခြံဘေးတွင်ထောင်ထားသော အပြာရောင်
စက်ဘီးလေးအား ကြည့်ရင်းဆော့ဂျင် လူ
ရုပ်မာအပြုံး ပြုံးလိုက်သည်။

လွယ်အိပ်ကို ဘေးတစ်စောင်းလွယ်ရင်း ခြံ
ရှေ့ဖြတ်မည့်တစ်စုံတစ်ယောက်ကိုသူမျှော်
နေမိသည်။

"hyung...ဘာလုပ်နေတာလဲ"

"အာ ...  ဂျောင်ကု . hyung စက်ဘီးပေါက်နေလို့ ဟီးဟီး"

ပြားနေသော စက်ဘီးအနောက်ပိုင်းကို ဆော့ဂျင် မျက်နှာချို သွေးရင်းရီပြသည်။
ဂျောင်ကု သဘောပေါက်ဟန်ဖြင့် သူ့စက်ဘီး
အနောက်ကို မျက်စပစ်ပြရင်း

"လိုက်မလား hyung"

ဂျောင်ကု စကားကြောင့် ဆော့ဂျင်ခေါင်းငြိမ့်ရင်း စက်ဘီးနောက်ခုံပေါ်ခွထိုင်သည်။
လက်သွယ်သွယ်လေးတို့သည် ဂျောင်ကုခါး
ထက်ရစ်တွယ်၏။
ဂျောင်ကု ကျောပြင်ပေါ် မျက်နှာအပ်ရင်း ဆော့ဂျင် အနောက်တွင်လိုက်ပါလာသည်။

ကျောင်းရောက်သည်နဲ့ ဂျောင်ကုကို နှုတ်ဆက်ကာ သူ့အတန်းထဲသူဝင်လာသည်။
ဂျောင်ကုသည် သူ့ထက် နှစ်နှစ်ငယ်သည်။
သူက အထက်တန်းနောက်ဆုံးနှစ်ဖြစ်ပြီး ဂျောင်ကုသည် အထက်တန်း ပထမနှစ်ဖြစ်သည်။

လွယ်အိတ်ဘေးတွင် ထိုးထည့်ထားသော ကျောက်စရစ်ခဲအချွန်လေးအား ဆော့ဂျင်လက်ထဲ တွင်ကိုင်ရင်းဆော့လာသည်။
ဘယ်အချိန်ထဲက ဂျောင်ကုအပေါ်မရိုးသားနေလဲ သူမသိပါ.
သူသိချိန်တွင် ဂျောင်ကုအပေါ် သဘောကျမိနေပြီ ဖြစ်သည်။

အတွေးတွေထဲ ဂျောင်ကုရောက်လာတာကြောင့် သူသဘောတကျပြုံးလိုက်သည်။
စက်ဘီးတာယာကို ကျောင်းပိတ်မှပဲလဲတော့
မည်။

*****

"hyung စက်ဘီးမပြင်ရသေးဘူးလား"

စက်ဘီးနင်းရင်းမေးလာသောဂျောင်ကုကြောင့် အနောက်မှ အခန့်သားလိုက်လာသော ဆော့ဂျင် ခေါင်းခါသည်။

"ဘာလဲ မင်းက ငါလိုက်တာမကြိုက်ဘူးလား"

ဆော့ဂျင်စကားကြောင့် ဂျောင်ကုဟက်ဟက်ပက်ပက်ရီ သည်။
ဒီအကိုသည် တနေ့တနေ့အရမ်းကလေးဆန်လာသည်. အသည်းယားဖို့ကောင်းလောက်
အောင် လူကိုလုပ်တတ်သည်။

jin one shotDonde viven las historias. Descúbrelo ahora