" သူ့အမေက မိန်းမပျက်လေ "
" ရွံစရာကောင် ငါ့သားနဲ့ဝေးဝေးနေ "
" နင်တို့သားအမိက ချူစားနေတာ ချူစီမရဲ့သား "
" ရုပ်ကလေးက သနားကမားနဲ့ စောက်ရှက်မရှိကြဘူး "
အသက်ရှုသံတွေ ပြင်းလာသည်။ နားထဲပြန်ကြားနေရတဲ့ အသံတွေကို ကြိုးစားပြီး ပြန်လည်ရှင်းပြချင်သည်။
လက်သည်းထိပ်တွေက ကိုယ်တိုင်ကုတ်ဖဲ့ထားလို့ သွေးစို့နေပင်မဲ့ မနာကျင်နေ။
ခေါင်းကိုသာ တွင်တွင်ခါရင်း နားတွေပိတ်ပြီး ကိုယ်လေးကျုံ့ထားရင်း ထောင့်ကပ်နေရသည်။" အဟီး~~~ မဟုတ်ပါဘူး အဟင့်...."
အသံကတိုးတိုးလေး သူ့နားထဲက ကြားနေရတဲ့ ကဲ့ရဲ့သံတွေကြားမတိုးနိုင်ခဲ့ဘူး။
" လူနာ ဆေးသောက်ဖို့ အချိန်ရောက်ပါပြီ "
" သားလေး!!! JungKook "
Mrs.Jeon က ကုတင်ပေါ်က သားဖြစ်သူကို သနားစွာနဲ့ ပွေ့ဖတ်သည်။
Jeon ခေါင်းလေးထောင်ကြည့်သည်။ မျက်ရည်တွေကြားကနေ Mr.Jeon ကို အားကိုးတကြီး မော့ကြည့်မိသည်။" ပါးပါး... ပြောပေးပါဦး!! ကျွန်တော်နဲ့မာမီက ပါးပါးဆီက ချူစားနေတာ မဟုတ်ဘူးဆိုတာ "
သူ့အမေရင်ခွင်ထဲက အတင်းရုန်းကန်ရင်း Mr.Jeon ရဲ့ အကျီလက်နားလေးကို ကိုင်ရင်းအားကိုးတကြီးပြောရှာသည်။
" ဒါပေါ့ သားက ပါးပါးသားလေးပဲလေ! ပါးကိုယ်တိုင် ကာကွယ်ပေးမှာပါ "
ပတ်ဝန်းကျင်ရဲ့ ထိုးနက်မှုတွေက ကြောက်စရာကောင်းတယ်။
JungKook ကို ငယ်ငယ်ထဲက စကားတဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ နှိက်စက်နေကြတာ။Mr.Jeon က ပြည့်တန်ဆာမိန်းမတစ်ယောက်ကို ချစ်မိခဲ့တာလေ။
JungKook အမေကိုရော သူ့သားကိုပါ တကယ်ချစ်ပေးခဲ့တာ။
လူသားတိုင်းက ချစ်ခြင်းတရားနဲ့ ထိုက်တန်ပါတယ်။_________________________________________
" မင်းက အသက်ကြီးနေပြီကို ဘာလို့ လက်သည်းထိပ်တွေ ကိုက်နေတာလဲ "
ကုတ်ဖဲ့နေတဲ့ လက်တွေကရပ်တန့်သွားသည်။
ဘေးကစူးစမ်းနေတဲ့ မျက်ဝန်းညိုညိုလေးတွေက တလက်လက်နဲ့...