Kim love Kim ( taejin )

801 105 26
                                    

For Zawgyi

ချစ်ခြင်းမေတ္တာက အတောက်ပဆုံးတဲ့..
မဟုတ်ဘူး မှားတယ်...
အစ်ကို့အပြုံးတွေက ပိုတောက်ပတယ်..

____________________°°°°°______________

" ကင်မ်ထယ်ယောင်း စားပွဲပေါ်က စတော်ဘယ်ရီသီးတွေဘယ်မှာလဲ "

ယောက်မကြီးကိုင်ရင်း မီးဖိုခန်းက ထွက်လာ
သောဆော့ဂျင်ကို ထယ်ယောင်း မျက်နှာချို
သွေးရင်းရီပြသည်။

" ကိုကို ကလဲ~~~ "

" ငါအဲ့စတော်ဘယ်ရီသီးတွေကို မွေးနေ့ကိတ် ပေါ်မှာ အလှဆင်မယ်လို့ ပြောလား မပြောဘူးလား "

ဒေါသထွက်နေသော ဆော့ဂျင်သည် ထယ်ယောင်း ဗိုက်ကိုဖွဖွလေး လိမ်ဆွဲကာ အံ့ကြိတ်ရင်း မေးသည်။

" အ့....ကိုကို နာတယ် အားးးး "

ထယ်ယောင်းကတော့ သူ့အပြစ်လွတ်အောင် မနာတာကို အသံပြဲကြီးနဲ့အော်သည်။
ရုပ်ကတော့ စပ်ဖြီးဖြီး ဖြစ်ဆဲပင်။

" တိုးတိုးနေစမ်း!! ဘေးအိမ်တွေ အနားယူ နေလောက်ပြီ "

" ကိုကိုပဲ နာအောင်လုပ်ပြီးတော့ "

ထယ်ယောင်းကနှုတ်ခမ်းဆူကာ ဗိုက်လေးကို ပွတ်ရင်းပြောသလို ဆော့ဂျင်က လဲ ထယ်ယောင်းကို မျက်စောင်းပြန်ထိုးကာ မီးဖိုခန်းထဲ ပြန်ဝင်သွားသည်။

အရှေ့က လှုပ်တုတ်လှုပ်တုတ် လုပ်နေသော ဆော့ဂျင်ကို ထယ်ယောင်း သိုင်းဖက်ကာ

" ကိုကိုကလဲ စိတ်မဆိုးပါနဲ့ ~~ကျွန်တော် တစ်လုံးထဲစားရင်းနဲ့ ဆက်စားမိသွားတာပါ "

" ကိုကိုလို့ ~~~ "

စကားပြန်မပြောသော ဆော့ဂျင်ကို ထယ်ယောင်းပိုတိုးဖက်လိုက်ရင်း ဂုတ်ပိုးလေးကို နမ်းသည်။
ထို့နောက် လည်ပင်းလေး
ထို့နောက် မေးစေ့နားလေး
ထို့နောက် ပါးဖောင်းဖောင်းလေး

" အာ...မောင်!!! ငြိမ်ငြိမ်နေကွာ "

" ကိုကိုကလဲ ချစ်လို့လေ "

" ဒီမောင်ကကွာ...စိတ်မဆိုးအောင် လာလုပ်နေတယ် "

" ဟားဟား ကိုကို့ကို ချစ်လွန်းလို့ ဘယ်လိုလုပ်မလဲ "

jin one shotHikayelerin yaşadığı yer. Şimdi keşfedin