For Zawgyi
အချစ်ဉီးအတွက်
ရေးဖွဲ့ထားသော ပုံပြင်လေးသည်
ခမ်းနားခြင်းတွေနဲ့ မစတင်ခဲ့ပါ။_______________••••______________°°°°___
2022 ,December 4,7:30 P.M
ရထားဘေးက ပြတင်းပေါက်မှတစ်ဆင့် နှင်း တစ်ဖွဲဖွဲကျနေသော ပုံရိပ်ကို ထယ်ယောင်း သေချာ ကြည့်နေသည်။
နားတွင်တပ်ထားသော နားကြပ်ထဲမှ ငြိမ့်ငြိမ့်ညောင်းညောင်း classic တေးသွားလေးက လွင့်ပျံလာသည်။ဘူဆန်တွင် မနေချင်တာမို့ ညတွင်းချင်း ရထားလက်မှတ်ဖျက်ကာ ဆိုလ်းကိုပြန်လာခြင်းဖြစ်သည်။
အမေနဲ့အဖကတော့ ညအိပ်သွားစေချင်ပင်မဲ့ ကျန်တဲ့အမျိုးတွေနဲ့ စကားမပြောချင်တာမို့ ဆိုလ်းက သူ့မိဘတွေ ၀ယ်ပေးထားတဲ့ အိမ်ကိုသာပြန်လာဖြစ်သည်။အရမ်းကြီးမချမ်းသာပင်မဲ့ ငွေရေးကြေးရေး အဆင်ပြေသော သူ့အဖို့ ဘေးကငွေမျက်နှာ တစ်ကမ္ဘာနဲ့ရောက်လာသော လူများကြောင့် ချစ်ခြင်းမေတ္တာကို အယုံကြည်မရှိချေ။
အတွေးတွေထဲနစ်မြောနေစဉ် သူ့ဘေးက နားကြပ် တစ်ဖက်ဆွဲဖြုတ်ခံလိုက်ရမှ ဘေးကလူကို ဂရုပြုမိသည်။
"ဟီးးးကျွန်တော်လဲ နားထောင်ချင်လို့"
ပိုင်စိုးပိုင်နင်းနဲ့ ထိုဘေးကလူသည် ထယ်ယောင်း နားကြပ်ကို ယူကာ သူ့နားတစ်ဖက် ထဲထည့်လိုက်သည်။
"ဒီလို သီချင်းငြိမ့်ငြိမ့်လေးတွေ ကြိုက်တာကို"
ထယ်ယောင်း မျက်မှောက်ကျုံ့ကာ ထိုလူကို ကြည့်နေသော်လဲ ဘေးကလူက သူပြော
ချင်ရာသာ စွတ်ပြောနေသည်။"ဒီမှာ ကောင်လေး ကျွန်တော်က ကျွန်တော့ ပစ္စည်းတွေကို ထိတာမကြိုက်ဘူး"
"ကောင်လေးမဟုတ်ဘူး..ကိုယ်မင်းထက် အသက်ကြီးတယ်နော်"
"အဟက်...ဒီ ခန္ဓာကိုယ်လေးက"
ထယ်ယောင်း ရီကာ မျက်စပစ်ရင်းပြောသည်။
ဘယ့်နှယ့် ဖြူဖြူ ပိန်ပိန်လေးကများ သူ့ထက်အသက်ကြီးတယ် လာလုပ်နေတယ်။"အော်ဟော်...ကိုယ်က အသက် ၂၉ . ပရိုဂရမ် ဒီဇိုင်နာ နာမည်က ကင်မ်ဆော့ဂျင် "