That eyes

1.3K 100 7
                                    

"Jin သွားကြမယ်''

သူငယ်ချင်းဖြစ်သူ jimin ရဲ့ စကားကို ခေါင်းငြိမ့်ကာ
ပြုံးပြရင်း အိမ်က အတူထွက်လာကြသည်.
ပြုံးရွှင်နေသော jimin ကိုငေးကြည့်ရင်း သူပါပျော်ရ
ပြန်သည်.. jimin ဘက်ကသူ့ကို သူငယ်ချင်းထက်
မပိုပင်မဲ့ သူကတော့ ၉ နှစ်တည်းက ချစ်လာရသူ...

မှော်ပညာသင်ကြားရန် မှော်ကျောင်းတော်သို့သွားနေ
ခြင်းပင်..

"ပထမဆုံးကျောင်းတတ်ရတာမို့ စိတ်လှုပ်ရှားနေသလိုပဲ
Jiji''

"ငါရောပဲ''

မျက်လုံးလေးမှိတ်သည်အထိ ပြုံးပြနေသော ထိုကောင်လေးကို jin မြတ်နိုးမိသည်.

"Wellcome to Hogwarts''

ပထမနှစ်ကျောင်းသာ ဖြစ်တာမို့ နေရာတိုင်းကထူးဆန်း
ပြီး အံသြစရာကောင်းလွန်းသည်.

"မင်းတို့နမည်ခေါ်သံကြားရင် ဒီဦးထုတ်အောက်လာ
ရပ်ကြပါ.''

Professor ရဲ့စကားသံပြီးသည်နှင့် တစ်ယောက်ပြီး
တစ်ယောက် ဦးထုတ်အောက်လာရပ်ကြသည်.

"Park Jimin''

Jimin ဦးထုတ်အောက်ဝင်လိုက်ချိန်

"Gryffindor''

"နောက်တစ်ယောက် Kim Namjoon''

"Gryffindor''

Jin namjoon အသံကြားတော့ နှာခေါင်းရှုံမိသည်.
Namjoon ကိုကြည့်မရပါ.jimin နဲ့ အဖွဲ့တူတော့
ပိုကြည့်မရတော့ပါ.namjoon တို့အဖွဲ့သည် သူ့ကို
အမြဲလှောင်ပြောင်စနောက်သည်.သူကတော့ စာဂျပိုးရုပ်
အမြဲ စာဖတ်နေတတ်ပြီး jimin နားအမြဲနေတတ်သည်.

"Kim Seokjin''

"Slytherin''

Jimin နဲ့ အဖွဲ့ကွဲသွားကြောင့် သူ jimin ကိုတချက်
ကြည့်လိုက်သည်.jimin ကတော့ အဆင်ပြေမှာပါဆို
တဲ့ ပုံစံနဲ့ ခေါင်းငြိမ့်ကာ ရီပြသည်.ထို့နောက် namjoon တို့နဲ့ စကားဆက်ပြောနေပြန်သည်.
.
.
.
.
.
အသင်းကွဲသွားတာကြောင့် jimin နဲ့သိပ်မတွဲဖြစ်
တော့ပါ.
Jimin ကတော့ သူသဘောမကျတဲ့ ကောင်နဲ့ တတွဲတွဲ
Jin က အရင်ထဲက စာကြိုးစားတဲ့ လူဖြစ်တာကြောင့်
မန္တာန်တော်တော်များများကို ရသည်.
သူကိုတိုင် တီထွင်ထားသော ကျိန်စာ အချို့လဲရှိသည်.

jin one shotTempat cerita menjadi hidup. Temukan sekarang