အိမ်ထဲသို့ခေါင်းမော့ရင်ကော့စွာနဲ့ဝင်လာတဲ့အဘွားဖြစ်သူကို ခမ်းမျက်ခုံးကိုတွန့်ချိုးစွာ
ဖြင့်ကြည့်လိုက်ပြီး ချထားသောခြေထောက်တွေကိုချိတ်၍ထိုင်လိုက်လေသည်...။"ဘယ်ကမျက်စီလယ်လမ်းမှားလာတာလဲ..
ဘွားကိုယ်တိုင်လာတယ်ဆိုတည်းကကိစ္စကမသေးဘူးထင်တယ်...""အဘွားဖြစ်သူကိုတောင်မကြိုဆိုတော့ဘူးလားခမ်း ပြောစရာလေးရှိလို့လာခဲ့တာ.."
"အံ့သြစရာဘဲ...တစ်လနေတာတောင်တခါမတွေ့ရတဲ့အိမ်ကြီးရှင်သခင်မက ကျွန်တော်ဆီ
ကြွလာတယ်ဆိုတော့...""အကြောင်းအရင်းရှိမှလာရမှာလား ငါ့ကိုမမြင်ချင်ဘူးဆိုတဲ့သဘောလား ဟိုအ
ပျက်ကောင်လေးနဲ့တွေ့မှ အကျင့်တွေပျက်
သွားလိုက်တာ မင်းကိုငါဘယ်လိုဆုံးမခဲ့မိလဲ
တောင်ငါ့ကိုငါမယုံနိင်ဘူး ယောကျ်ားပျက်
တစ်ယောက်အတွက်နဲများ...""မယုံရင်လည်းမယုံသလိုဘဲနေလိုက်တော့
အိမ်ထိလာပြီး သည်းသက်ကိုစော်ကားမယ်
ဆိုဘယ်သူကိုမှမကြိုဆိုနိင်ဘူး..အဘွားပြန်လိုက်တာကောင်းမယ်ထင်တယ်...""ပြန်မှာပါ...ဒါလေးပေးစရာရှိလို့...ပြီးတော့ပြောပြစရာကောဘဲ.."
စားပွဲပေါ်ကိုပစ်တင်လိုက်တဲ့စာရွက်စာတန်းတွေကိုကြည့်ပြီး လှမ်းမယူမိသလို ဘာလဲဆို
တဲ့အကြည်နဲ့သာကြည့်လိုက်လေသည်....။"ဖတ်ကြည့်ရင်သိလိမ့်မယ် ခမ်း.."
သက်ပြင်းတစ်ချက်သာချလိုက်ပြီး ထိုစာရွက်
စာတန်းတွေကို ဖွင့်ဖတ်လိုက်လေသည်....။"ဒါက ဘယ်လိုဖြစ်နိင်မှာလဲ....မယုံဘူး.."
ခပ်ပြတ်ပြတ်သာပြန်တုန့်ပြန်လိုက်ပြီးခက်ထန်သောမျက်နှာထားနဲ့အတူ စားပွဲပေါ်သို့ပြန်ပစ်
တင်လိုက်လေသည်...။"မင်းဖတ်လိုက်ရတဲ့အရာတွေကအမှန်ဘဲခမ်း
မင်းဒါကိုလက်ခံရမယ်..""မဖြစ်နိင်တာတွေမပြောစမ်းပါနဲ့ မေမေသေ
တာဆယ်စုနှစ်ကျော်နေပြီ ဘယ်လိုလုပ်ဖြစ်နိင်
မှာလဲ..ပြီးတော့ကျွန်တော်မုန်းတဲ့သူဆီမှာ....ဟာမဖြစ်နိင်ဘူး..."
YOU ARE READING
ကကြိုးရုပ်[ Complete ]
Non-Fictionငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပါတယ်... ထိုင်းမြန်မာကပြားဖြစ်သောချစ်သူနှင့်ဆုံတွေခဲ့ပြီးGayဘား မှာလုပ်ကိုင်နေတဲ့ukeလေးတွေအကြောင်းပါစ...