အဝတ်အစားလဲခန်းထဲဝင်ကာ အကျီလဲနေ
တဲ့ခတ်ကို စောင့်ရင်း ကုတင်ဘေးနားကဗီရို
အံဆွဲထဲက အသက်နဲ့သူကစားကွင်းသို့သွား
ရင်း နောက်ဆုံးအမှတ်တရဓာတ်ပုံလေးကို
ကြည့်ကာ တွေဝေစွာငေးမောနေလေသည်။အသက်ကသူအနားပြန်ရောက်လာခဲ့ပေမဲ့
ဒီဓာတ်ပုံလေးထဲကအသက်ကတော့သိပ်ကို
ချစ်စရာကောင်းနေလေသည်။ ဒါပေမဲ့သူကို
ကြီးမားစွာ လှည့်စားခဲ့သည်မလား သူ့အချစ်
တွေကို လိမ်ညာဟန်ဆောင်ခဲ့တာတွေကိုပြန်
တွေးတိုင်း မုန်းမိသည့်စိတ်ကအကြိမ်ကြိမ်အ
ခါခါ။ ချစ်နေသေးပေမဲ့ မုန်းမိနေတာမျိုး
အနားသွားချင်ပေမဲ့ အဝေးမှာဘဲနေချင်မိသည်။ နှင်းဆီနီနီတွေက ဆူးတွေနဲ့ဆိုတာသူမေ့သွားတာပင်။ဆူးစူးသွားမှ နာမှန်းသိတဲ့ ပန်းကိုဘဲတပ်မက်
မိတဲ့ တုံးအတဲ့လိပ်ပြာတကောင်အလား။"အကျီကသိပ်တော့မတော်ဘူး ဒါပေမဲ့ဒီအကျီ
ဘဲဝတ်လိုက်ပါမယ် ခင်ဗျားမှာကျန်တာတွေ
က ကျွန်တော်နဲ့မှမတော်ဘဲ"အဝတ်လဲခန်းထဲကထွက်လာပြီး သူပုံစံသူပြန်
ကြည့်ကာ စကားဆိုနေသည်ခတ်။"မဝတ်ချင်လည်းဖင်ပြောင်နေလေ ငါလိုတဲ့အ
ချိန်အဆင့်သင့်ဖြစ်တာပေါ့""ခင်ဗျားစကားကိုကောင်းကောင်းပြောလို့မရ
ဘူးလား စကားကိုချိုသာစွာပြောရင်လေယဥ်
ပျံတောင်အလကားစီးရတယ်ဆိုတာတောင်
ရှိတယ်""လေယဥ်အလကားစီးဖို့ မျက်နှာချိုသွေးနေရ
အောင် ငါငမွဲမဟုဘူး ငါ့မှာကိုယ်ပိုင်လေယဥ်
ရှိတယ် ""ခင်ဗျားကပြောပြလို့တောင်မရဘူးဘဲ"
"မင်းကကောဘာလို့ ခင်ဗျားလို့ခေါ်နေလဲ"
ခတ်ပြန်ပြောမယ်အပြု အခန်းတံခါးခေါက်သံ
ကြောင့် ငြိမ်လိုက်လေသည်။ခမ်းကသူအား
ဘုကြည့်ကြည့်ပြီး။"ဘယ်သူလဲ ဘာလို့ငါ့အခန်းတံခါးလာခေါက်
နေတာလဲ သေချင်နေပြီလား""သွန်းပါကိုကို ညနေစာစားလို့ရပြီဆိုတာလာ
ပြောတာပါ""အဲ့ဒါဆိုစောက်သံကဘာလို့မထွက်ဘဲတံခါး
ဘဲခေါက်နေတာလဲ သွားဆင်းလာခဲ့မယ်"
YOU ARE READING
ကကြိုးရုပ်[ Complete ]
Non-Fictionငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပါတယ်... ထိုင်းမြန်မာကပြားဖြစ်သောချစ်သူနှင့်ဆုံတွေခဲ့ပြီးGayဘား မှာလုပ်ကိုင်နေတဲ့ukeလေးတွေအကြောင်းပါစ...