ဒီအပိုင်းတွေမှာမရှင်းတာရှိရင်သာသာကိုလာ
မေးလိူ့ရပါတယ်နော်😘✨✨✨✨✨✨
တရွေ့ရွေ့မောင်းနှင်လာတဲ့ကားလေးကထိုင်း
နယ်စပ်ကိုတောင်ရောက်လုနေလေပြီ..။ည
တွင်းချင်း ထွက်ခွာလာသောကြောင့် ခတ်တ
မှေးမှမအိပ်ရသေးဘဲနွမ်းလျနေလေသည်..။ကြောက်ရွံမိတဲ့မျက်ဝန်းတွေက တုန်လှုပ်မူကို
ထပ်မပြပေမဲ့ ရဲရဲနီတဲ့နှုတ်ခမ်းတွေကိုတော့
ခပ်တင်းတင်းဖိကိုက်ထားဆဲ...။ဘေးတစ်ဖက်
တစ်ချက်က ဖမ်းခေါ်လာတဲ့လူနှစ်ယောက်
ကြား လိုက်ပါလာရသည့်ခတ်အတွက်မထူး
တော့ပြီမို့ ထပ်ပြီး ကြောက်ရွံမူကိုတော့ထပ်ပြီး
ပြသတော့မည်မဟုတ်ချေ...။လက်သူကြွယ်က လှပလွန်းသည့်လက်စွပ်
လေးကို ခတ်ထိတွေ့လိုက်ပြီး စိုက်ကြည့်လိုက်
လေသည်...ထိုသူတွေမြင်မှာစိုးသောကြောင့်
လက်စွပ်လေးကိုဖုံးဖိရင်းလျို့ဝှက်ထားရလေ
သည်...ထိုသူတွေကလည်းသူတို့အလျင်လို
နေတဲ့သူကို့ရောင်းမဲ့ကိစ္စကြောင့် သိပ်အထွေ
အထူးမကြည့်မိကြလို့တော်သေးရဲ့...။ထိုလူတွေကလောဘသားကောင်တွေမို့ ဒီလက်စွပ်လေးကိုတွေ့ရင်ယူသွားကြမှာမလွဲ
အသက်ရဲ့လက်စွပ်လေးမို့ အသက်ကိုပြန်မ
ပေးနိင်ခင်မှာပင် ထိုသိုဖမ်းခေါ်ခံရလေသည်.
နေချင်းညချင်းပြောင်းလဲသွားတဲ့ကံကြမ္မာကို
ခတ်သိပ်အံ့သြမိသလို ကလေးတစ်ယောက်
လိုငိုယိုပြီး ကံကြမ္မာဆိုတဲ့အရာကို မေးမေးပြီး
ထုရိုက်ချင်ရဲ့...။ဘဝအပြောင်းအလဲမှာတောင်သိပ်ကိုရဲရင့်
ပြီးစိတ်ဓာတ်မာခဲ့တဲ့ ခတ်အတွက်ငိုပြနေရုံနဲ့
ဘာမှဖြစ်မလာနိင်မှန်းသဘောပေါက်လေ
သည်...။ထိုအတွက်အထွေအထူးအပြစ်မဖို့
ချင်တော့...နံနက်ဝေလီဝေလင်းမို့ ကားပြတင်းဝကနေ
လှမ်းမြင်နေရတဲ့ တိမ်ဆိုင်တိမ်ခဲတွေကသိပ်
ကိုလှပနေလိမ့်မယ်လို့ ခတ်မတွေးမိခဲ့..ထို
ကြောင့်တနေ့ကိုတကြိမ်လောက်ကောင်းကင်
သို့မော့ကြည့်သင့်တယ်ဟုပြောကြတာဖြစ်ပေ
လိမ့်မည်...။ တိမ်လိပ်တွေရဲ့ လှပမူက လှပ
တဲ့ပန်းချီကားတစ်ချပ်လိုမျိုး....အသက်ကိုရှာ
ဖွေဖို့အတွက်နဲ့ ဘဝကိုမာကျောစွာဖြတ်သန်း
ခဲ့တာကြောင့်ကောင်းကင်ရဲ့အလှကိုမခံစားမိ
ခဲ့တာကိုနောင်တရချင်သလိုပင်လေ...။
YOU ARE READING
ကကြိုးရုပ်[ Complete ]
Non-Fictionငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပါတယ်... ထိုင်းမြန်မာကပြားဖြစ်သောချစ်သူနှင့်ဆုံတွေခဲ့ပြီးGayဘား မှာလုပ်ကိုင်နေတဲ့ukeလေးတွေအကြောင်းပါစ...