Chapter...35

13.8K 768 26
                                    

ရင်ခွင်ထဲနွေးထွေးမြတ်နိုးစွာနှင့် ပွေ့ဖက်ထား
သော ကလေးငယ်ကိုကြည့်ပြီး စိုးရိမ်ပူပန်မူ
ကရင်ထဲအပြည့်အသိပ်...အပြစ်ကင်းစွာအိမ်
မောကျနေသည့် ကလေးငယ်ကခုနသူမဟုတ်
တဲ့အတိုင်းဖြူစင်စွာငြိမ်သက်လို့ပင်...အတိတ်
ကရခဲ့တဲ့ ဒဏ်ရာတွေကအခုထိ ကလေးငယ်
ကိုခြောက်လှန့်နေဆဲဆိုတာ သူမသိခဲ့..သူအ
နေနဲ့ ကလေးငယ်အပေါ် သူမတူအောင်ချစ်
ပေးနေတာကြောင့် ထိုအချစ်တွေကပင် ကလေးငယ်ရခဲ့တဲ့ စိတ်ဖိစီးမူဒဏ်ရာတွေကို
ချေဖျတ်နိင်လိမ့်မည်ဟု ထင်ခဲ့သည်...။

တကယ်တော့ ကလေးငယ်ကသူကိုပစ်သွား
မှာသိပ်ကြောက်တဲ့ အမိမဲ့ဌက်ကလေးလိုဘဲ
ဘယ်သောင်ဘယ်ကမ်းဆိုက်မယ်မှန်းမသိပေ
မဲ့ အခုချိန်မှာတော့ ခမ်းအပေါ် အချစ်ကြီးချစ်
ပြီး သူကိုမုန်းသွားမှာသိပ်ကြောက်နေရှာလေ
သည်....ကလေးငယ်ရဲ့ စိတ်ဒဏ်ရာတွေကို
သူအတတ်နိင်ဆုံး မေ့ပျောက်အောင်ကုပေး
နိင်လိမ့်မည်ဟုမျှော်လင့်ထားလျက်ပင်...။

ညတုန်းကသူ့ကိုယ်သူအပြစ်ပေးထားသည့်
လက်နုနုလေးပေါ်ကဒဏ်ရာတွေကိုဆေးထည့်
ပေးပြီးပတ်တီးစီးပေးထားပေမဲ့ သည်းသက်
ကတအင်းအင်းနဲ့ရင်ခွင်ထဲမှာ အိမ်မောကျ
လျက် တချက်တချက်ငြီးငြူနေသည့်အသံ
လေးက သူရင်ထဲတဆစ်ဆစ်ဖြင့်နာကျင်ခံစား
ရလေသည်...အဲ့လောက်တောင် ဦးမုန်းမှာ
သိပ်ကြောက်တာဘဲလား...။

ညနည်းနည်းနက်လာချိန်မှာတော့ ခမ်းတစ်
ယောက် သည်းသက်ကိုချော့မြူကာ ဖက်ထားရင်း မှေးကနဲ့အိပ်ပျော်သွားလေ
သည်.....မှိတ်ထားသောမျက်လုံးများ ဖွင့်၍
တရေးနိုးချိန်ခနလေးမှာပင် ရင်ခွင်ထဲမြတ်နိုး
စွာထွေးဖက်ထားလေသော သည်းသက်ကမ
ရှိတော့....သန့်စင်ခန်းသွားတာလားဟုသွား
ကြည့်တော့လည်း သည်းသက်ကိုမတွေ့ချေ..

"အသက်...ကလေးရေ...ဘယ်သွားနေတာလဲ"

အခန်းထဲတွင်အပူတပြင်းနေရာနှံအောင်ရှာ
ပေမဲ့ သည်းသက်ကိုမတွေ့ချေ...အိမ်အောက်
ထပ်ကိုဆင်းသွားတာလားဟုအထင်ဖြင့်
အောက်ထပ်သို့ အမောတကောပြေးဆင်း
လိုက်လေသည်...။

ညနက်ချိန်ဖြစ်တာကြောင့် အခိုင်းအစေတွေ
ကော တပည့်တွေပါအိပ်မောကျနေပြီဖြစ်တာ
ကြောင့် အိမ်ကြီးထဲတွင်တိတ်ဆိတ်နေလေ
သည်....ခမ်းအိမ်အောက်ထပ်သို့ အမြန်ဆင်း
လာလိုက်သည်နှင့် တွေမြင်ရသောမြင်ကွင်း
ကြောင့် ခမ်းဒေါသတွေပေါက်ကွဲထွက်ကုန်
လေသည်....။

ကကြိုးရုပ်[ Complete ]Where stories live. Discover now