လမ်းမကြီးထက်မှာ လေအဟုန်ကြောင့်သစ်
ရွက်ကြွေက လူးလွင့်နေကြပြီး ကော်ဖီဆိုင်
လေးရဲ့ ကာထားသော မှန်ပြတင်းဘက်ဆီက
ထိုမြင်ကွင်းလေးကို ငေးကြည့်နေလေရဲ့။လက်ထဲတွင် ဆုပ်ကိုင်ထားသောကော်ဖီနွေး
နွေးဆီက ပူနွေးသောအရာကို ခံစားလိုက်ပြီး
အငွေ့ထနေဆဲ ကော်ဖီတွေရဲ့အရသာက ခါး
သက်သော ကော်ဖီခါးခါးတွေပင်။ဆိုင်ထဲသို့ အမောတကော ဝင်လာပြီး ဘေးဘီ
ဝဲရာကို လိုက်ရှာနေတဲ့သူကို ခတ်မြင်သာ
အောင် ခေါင်းလေးထောင်ပြီး အချက်ပြလိုက်
မှ သူဆီတစိုက်မက်မက်ရောက်လာလေတဲ့
ခြေလှမ်းကျယ်တွေ။"ထိုင်ပါဦး ဘာသောက်မလဲ"
"ဘာမှသောက်ချင်စိတ်မရှိဘူး မေးချင်တာ
တော့ရှိတယ်""ခင်ဗျားဆီမှာ မေးခွန်းတွေရှိမယ်ဆိုတာတွေး
မိပြီးသားပါ""ဘာလို့ ပုန်းနေခဲ့တာလဲ ခတ်"
သူ့နာမည်ကို ပထမဆုံးခေါ်လိုက်တာကြောင့်
အရှေ့ကကောင်လေးကို ခေါင်းလေးမော့ပြီး
အံ့သြမယောင်ဖြင့် သူကိုစိုက်ကြည့်လေသည်။
အပြုံးဟုမဆိုသာတဲ့ အမူအရာလေးကြောင့်
ထိုကောင်လေး ပြုံးလိုက်တာလား။ပုန်းရှောင်နေတဲ့ ကောင်ငယ်လေးကို လိုက်ရှာ
ခဲ့ပြီး သူ့သူငယ်ချင်းတွေထိ မေးမြန်းခဲ့လေမိ
သည့်အထိ။ သူမှာချစ်သူရှိနေလို့ ထိုချစ်သူနဲ့
အတူထွက်သွားတာလားပေါ့။ သို့ပေမဲ့ ပြန်
ကြားရတာက ခတ်မှာ ချစ်သူမရှိသလို သူချစ်ရ
သူကိုလည်း မောင်ဟုခေါ်မည်ဟုသိရလေ
သည်။ ထိုအသုံးအနူန်းမကြားမိတာကြောင့်
ခတ်က ချစ်သူနဲ့လိုက်ပြေးတာက မဖြစ်နိင်
ဘူးတဲ့လေ။"ကျွန်တော် မပုန်းနေခဲ့ပါဘူး လွတ်လပ်စွာပျံ
သန်းသွားရုံတင်ပါ ""ဒါဆို ရှောင်နေသည်ပေါ့"
"ကိုယ့်စိတ်နဲ့ကိုယ်ထွက်သွားမိတာကို ခေါင်း
စဥ်တပ်ဖို့မလိုပါဘူး ကျွန်တော်စိတ် ကျွန်တော်ဘဲပိုင်တာမို့လေ""မင်းက အသက်နဲ့လုံးဝမတူဘူး"
"အခုမှသိတာလား ခင်ဗျားအစောတည်းက
သိမယ်တောင်ထင်ခဲ့တာ"
YOU ARE READING
ကကြိုးရုပ်[ Complete ]
Non-Fictionငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပါတယ်... ထိုင်းမြန်မာကပြားဖြစ်သောချစ်သူနှင့်ဆုံတွေခဲ့ပြီးGayဘား မှာလုပ်ကိုင်နေတဲ့ukeလေးတွေအကြောင်းပါစ...