ကုမ္ပဏီ ရုံးခန်းထဲ စာရင်းဇယားတွေနဲ့အလုပ်
ရှုပ်နေတဲ့ ခမ်းအနေနဲ့ အလုပ်ထဲစိတ်နှစ်ထား
လို့မရအောင်ကို အိမ်မှာကျန်ခဲ့တဲ့ သည်းသက်
ဆီကိုသာစိတ်ရောက်နေမိလေသည်...သည်း
သက်ကို သူ့ဘေးနားသူအရိပ်သူရင်ခွင်ထဲမှာ
သာ လှုံခြုံသည်ဟုထင်လေသည်...အခုလိုအိမ်မှာ အစောင့်အရှောက်တပည့်တွေ
နဲ့ထားခဲ့ရတာတောင် စိတ်မချချင်...အဓိကလူ
က သွန်းနဒီဆိုတဲ့မိန်းမကဘာတွေ ကြံစည်မ
လဲဆိုတာမသိနိင်ပေ...အလုပ်တွေကိုမြန်မြန်
ကိစ္စဖျတ်ပြီး အိမ်ကိုအမြန်ပြန်ရန် တွေးလိုက်
လေသည်...။"Boss ဆေးရုံအုပ်ကြီးရောက်ပါပြီ "
"ဝင်ခိုင်းလိုက် "
သွန်းနဒီရဲ့ကိစ္စကြောင့် သူဒီလိုစောက်ပိုအ
လုပ်တွေလုပ်နေရခြင်းဖြစ်လေသည်..ဘွား
ဘွားပြောတဲ့ကိစ္စကတကယ်လားဆိုတာသူအ
တည်ပြုချင်လေသည်...ထိုကြောင့် သွန်းနဒီကို
နှလုံးအစားထိုးပေးခဲ့သည်ဆိုသည့် ဆေးရုံ
အုပ်ကြီးကို မျက်မြင်မေးမြန်းရန်ခေါ်လိုက်
လေသည်...ခမ်းကို အမှောင်လောကသားများ
စီးပွားပြိုင်ဘက်တွေသာမက ခမ်းရဲ့အကြောင်းကိုသိသည့်လူများကပါ
ကြောက်ရွံကြလေသည်...။"ကျုပ် ခင်ဗျားကို ဒီကိုခေါ်တာနဲ့တင် ခင်ဗျား
ကိုဘာမေးချင်လဲဆိုတာ ခန့်မှန်းမိမှာပေါ့...
သွန်းနဒီ ဆိုတဲ့မိန်းမက လွန်ခဲ့တဲ့ဆယ်နှစ်
လောက်က ကျုပ်အမေရဲ့နှလုံးနဲ့ အစားထိုး
ခွဲစိတ်ခဲ့တာအမှန်လား..""ဟုတ် ဟုတ်ပါတယ် "
"ကျုပ်ကို အမှန်ပြောပြရင်ကောင်းမယ် မဟုတ်ရင် ငရဲခန်းကိုမသေခင် တွေ့ကြုံသွားရ
လိမ့်မယ် ဘွားဘွားကောဒီကိစ္စမှာပတ်သက်
နေလား ခင်ဗျားကိုနှုတ်ပိတ်ဖို့ ဘွားဘွားခိုင်း
ခဲ့လား ""ကျုပ်အမှန်တွေပြောနေတာပါ ဆေးရုံအုပ်
ကြီးဖြစ်တဲ့ ကျုပ်ကိုယ်တိုင်ခွဲစိတ်ပေးခဲ့တာ
ကျုပ်က ခမ်းလိုလူကိုလိမ်ရဲပါ့မလား ကျုပ်
အစောကြီးမသေချင်သေးပါဘူး ပြီးတော့ ခမ်းရဲ့အဘွားကလည်း အမှန်တွေဘဲပြောတာ
ပါ "စားပွဲပေါ်တင်လိုက်တဲ့ ခွဲစိတ်တုန်းက ဆေးမှတ်တမ်းတွေနဲ့ စာရွက်စာတမ်းတွေကို
ဆေးရုံအုပ်ဆိုတဲ့ လူက ယုံကြည်ချက်ရှိရှိဖြင့်
ပြလေသည်....ခမ်းထို ဆေးမှတ်တမ်းတွေ
ကြောင့် ခနတာတွေဝေသွားသည်မှာအမှန်ပင်
YOU ARE READING
ကကြိုးရုပ်[ Complete ]
Non-Fictionငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပါတယ်... ထိုင်းမြန်မာကပြားဖြစ်သောချစ်သူနှင့်ဆုံတွေခဲ့ပြီးGayဘား မှာလုပ်ကိုင်နေတဲ့ukeလေးတွေအကြောင်းပါစ...