Part 3

2K 205 6
                                    

Zawgyi code

"ရှင်အဇ္ဇဂေါဏဘုရား သွားမယ် အစ်ကို"

"Ok "

ချစ်ရာရဲ့ခေါ်ဆောင်ရာကိုသာလိုက်လာတဲ့ကျွန်တော် ချစ်ရာရဲ့ ဆံခြည်မျှင်လေးကိုတောင်မြတ်နိုးမိလာသလို
မျက်တောင်ရှည်လေးနဲ့ မျက်ခုံးတန်းထင်းထင်းလေးကိုမြတ်နိုးမိလာသည်။

"ဒီဘုရားက အဓိဌာန်အောင်တယ် အစ်ကိုဖြစ်ချင်တာရှိရင် အဓိဌာန်လုပ်ပြီးဆုတောင်းပေါ့"

"ဟုတ်ပြီချစ်ရာ"

ချစ်ရာရဲ့စကားအတိုင်းအဓိဌာန်ဆုတောင်းလိုက်ခြင်းက ချစ်ရာရဲ့အချစ်နဲ့နှလုံးသားကိုအပိုင်ရရပါလို၏တဲ့

"ကိုယ် ဓာတ်ပုံနည်းနည်းရိုက်လိုက်ဦးမယ် ချစ်ရာ"

အစ်ကိုရဲ့ဓာတ်ပုံရိုက်ခြင်းကချစ်ရာ့ရဲ့အကြည့်တို့ကိုမခွဲနိုင်မခွာရက်ဖြစ်လောက်အောင်ဆွဲဆောင်သည်။ဓာတ်ပုံတစ်ပုံရဖို့ cameraကိုအနေထားမှန်မှန်ချိန်ပြီး ခလုတ်တစ်ခုကိုဖိချလိုက်တိုင်း ပေါ်လာတဲ့အပြုံးကလဲဆွဲဆောင်နေသယောင်....

"ကဲ..ပြောပြပါဦးချစ်ရာ ဒီဘုရားမှာရော ဘယ်လောက်ထိထူးခြားနေလဲ"

"ရှင်အဇ္ဇဂေါဏရဲ့မူလဘွဲ့အမည်ကရှင်မထီး...အဇ္ဇရဲ့အဓိပ္ပာယ်ကဆိတ်ဂေါဏဆိုတာက နွား... ပုဂံပြည်ကြီး မုဆိုးမပါမကျန် ဘုရားတည်နိုင်တဲ့အကြောင်းရင်းက ရှင်မထီးဆရာတော်ရဲ့ဖိုထိုးခြင်းအောင်မြင်သွားလို့သာ ပုဂံပြည် သာယာဝပြောခဲ့တာ

ရှင်မထီးရဲ့ဖိုထိုးခြင်းကို ပုဂံပြည် အနရသူမင်းကအများကြီး အကူညီပေးခဲ့တယ် ဖိုထိုးတာကလဲ အကြိမ်ကြိမ်ပျက်ဆီးခဲ့တယ် နောက်ဆုံးတစ်ကြိမ်မှာတော့ ဖိုထိုးခြင်းအပေါ် ဘုရင်က ငြိုငြင်လာတယ် ဒါပေမဲ့ ရှင်မထီးက ဘုရင့်နန်းတော်အထိသွားပြီးအကူညီတောင်းခံခဲ့တယ် ဒီဖိုထိုးခြင်းမအောင်မြင်ခဲ့ရင် မျက်လုံးဖောက်ခံပါ့မယ်လို့ကတိပေးခဲ့တယ်....ဒီလိုနဲ့ ရှင်မထီးပေးတဲ့ကတိကိုလက်ခံခဲ့ပြီး ဖိုထိုးခြင်းနောက်ဆုံးအကြိမ်လက်ခံခဲ့တယ်

ဒါပေမဲ့ နောက်ဆုံးကြိမ် ဖိုထိုးခြင်းကလဲ ပျက်စီးပြန်ပါတယ် ရှင်မထီးလဲ ပေးခဲ့တဲ့ ကတိအတိုင်းမျက်လုံးဖောက်ထုတ်ခံလိုက်ရတယ် တပည့်လင်မယားနှစ်ယောက်ကိုလဲ သတ်ဖို့အမိန့်ပေးတာတာကြောင့် ထွက်ပြေးခဲ့ရတယ်။
ရှင်မထီးလဲစိတ်နာနာနဲ့ ဖိုထိုးထားတဲ့အိုးကိုဦးဇင်လေးကိုခေါ်ပြီး ကုလိအိမ်သာကျင်းထဲ စွန့်ပစ်စေခဲ့တယ်"

ပုဂံမြေမှအိုချစ်ရာ (Completed)Where stories live. Discover now