Zawgyi code
"ဖွားဖွား...ဒီအသီးတွေကအချိန်တိုင်းသီးနေတာလားဟင်"
"အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲကလေးရဲ့....သူ့ရာသီနဲ့သူတစ်မျိုးစီသီးနေကျတာပေါ့"
"ဒီမှာက ရာသီဥတုလဲအေးပြီး နေလို့ကောင်းလိုက်တာနော်"
"စိုင်းအလင်္ကာ"
"လာပြီဖွားဖွား"
*တနေ့တနေ့ ငါ့ဘဲဆူနေတယ် *
ဖွားရဲ့အော်သံကြောင့်apronတောင်မချွတ်နိုင်ဘဲ အိမ်ရှေ့ပြေးရပြန်သည်။
#ဂွပ်
"အားလားလား...သားဘာလုပ်လို့လဲဖွားရဲ့"
"မင်းအိမ်မှာလေအေးစက်ဝယ်မထားဘူးလား"
"ဝယ်ထားတယ်လေဖွားရဲ့"
"မင်းနော် မင်း"
"ပူတူးရေ...အီးးးဟီးးး ကိုယ့်ကိုကယ်ပါဦး ဖွားက ကိုယ့်ကိုအော်တယ်"
"လူကြီးရေ အောက်ထပ်ဆင်းချင်လို့ငိုနေတာလား...ကျွန်တော်အပေါ်ထပ်တက်ပေးရမလား"
"ခွီးးး"
ကျွန်မရဲ့မြေးလေးနှစ်ယောက်ရဲ့စကားသံတွေကဆူညံရင်းကျွန်မရဲ့အိမ်ကြီးကလိပ်ပြာတွေပျံနေသလိုသာယာလှပလွန်းသည်။
"မဆင်းပါဘူး ကိုယ်ကဖော်ရဲဗား အပေါ်ထပ်"
"ဟွန်းနော်....ချီ"
"ချီပါ့မယ်ဗျာ"
ကောင်လေးတစ်ယောက်ကကောင်လေးတစ်ယောက်ကိုချီပြီးပျော်ရွှင်နေသည့်ပုံရိပ်ကဘာနဲ့မှမလဲနိုင်တဲ့အလှတရားကြီးပါဘဲ…
"ပူတူး ညီမလေးကိုသတိရနေလား"အဖွားဆီမှာလအနည်းငယ်ကြာအောင်နေပြီးတော့အခုပြန်လာတဲ့ကားပေါ်မှာ လူကြီးမေးတဲ့စကားကြောင့် အံ့ဩစွာမော့ကြည့်မိသည်။
"သတိရတာပေါ့... အဲ့ဒါကြောင့်လဲ ပုဂံပြန်ဖို့ တောင်းဆိုခဲ့တာ"
"ရန်ကုန်ပြန်ရောက်ရင် ပူတူးဖြစ်ချင်တာအကုန်ဖြစ်မှာပါ...အခုအိပ်နော်"
"ဟုတ်"
အိပ်ပျော်နေတဲ့ကလေးငယ်လေးတစ်ယောက်ရဲ့တစ်ဖက်မှာတော့ နောင်တကြီးစွာရနေတဲ့ သူတစ်ယောက်ရှိတာကို မသိကြပါ…
YOU ARE READING
ပုဂံမြေမှအိုချစ်ရာ (Completed)
Romanceမတည်မြဲခြင်းတွေကြောင့်အရာရာကအချိန်တန်ရင်ပျက်ဆီးကြပေမဲ့ ကိုယ်တို့ရဲ့အချစ်ကတော့ထာဝရရှင်သန်နေမှာပါ မတည်မြဲခြင်းတွေကြောင့်အရာရာကအချိန်တန်ရင်ပျက်ဆီးကြပေမဲ့ ကိုယ်တို့ရဲ့အချစ်ကတော့ထာဝရရှင်သန်နေမှာပါ Start date 12.Sep.2021 End date 20.Feb.2022