Zawgyi code
"ညီ..."
"ဟုတ်ကဲ့"
"ဟုတ်ကဲ့boss"
"ဟုတ်ကဲ့boss"
"ဟုတ်ကဲ့ အစ်ကို တာ့တာ"
#17.Nov.2021
#Jasminedevil (အိုရာ)Unicode
"တွေ့ရတာဝမ်းသာပါတယ် ဦးစိုင်းအလင်္ကာ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဦးစိုးစံ"
စိုင်းအလင်္ကာရဲ့ရုံးခန်းကိုရောက်လာပေမဲ့အိုချစ်ရာရဲ့အရိပ်အယောင်တောင်မတွေ့ရပါ...
"လူကြီးး...ပူတူးအိပ်ငိုက်တယ်"
ဒီအသံကအိုချစ်ရာရဲ့အသံမှန်းကျွန်တော်သိသည်။ခေါ်သံကြားရာကိုလှည့်ကြည့်တော့ မျက်နှာတစ်ခုအပြည့်maskအုပ်ထားပြီးမျက်လုံးနေရာကိုသာအပေါက်ဖောက်ထားတဲ့maskနဲ့လူတစ်ယောက်...
"ပူတူးလေးကအိပ်ချင်ပြီလား...ကိုယ်ဖက်ထားပေးမယ်နော်..အလုပ်ကိစ္စစကားပြောပြီးရင်ပြန်ကြမယ်"
"ညီ..."
အိုချစ်ရာမှန်းသိသည်နှင့်မနေနိုင်စွာခေါ်လိုက်ပေမဲ့စိုင်းအလင်္ကာရဲ့အကြည့်စူးစူးကိုသာရလိုက်သည်။
ကျွန်တော်ရှေ့မှာထိုင်နေသည့်လူဟာ ပုဂံမှာပူတူးကိုအနိုင်ကျင့်တဲ့လူဖြစ်လိမ့်မယ်...သူ့ခေါ်သံကြားတော့ပူတူးကကျွန်တော့်ကိုပိုတိုးဖက်လာသည်။
"အလုပ်ကိစ္စပြောရင်ကောင်းမယ်"
"ဟုတ်ကဲ့"
ကျွန်တော်နဲ့ဦးစိုးစံအကြည့်ချင်းစစ်ခင်းနေတာကိုမသိဘဲအိပ်ပျော်နေတဲ့ကလေးလေးကတော့အေးအေးချမ်းချမ်း...
ကျွန်တော်တို့အလုပ်ကိစ္စြပီးတော့ကျွန်တော့်အပေါ်ကုတ်အင်္ကျီကို ပူတူးငယ်အားခြုံပေးလိုက်ပြီးပွေ့ချီကာ Zarchဆီလာခဲ့သည်။
"Zarch...ဟေ့ကောင် ခွန်း...ဘယ်လိုဖြစ်နေကြတာလဲ"
"ဟို...ဟို...ကျွန်တော် ညီ့ကိုဆေးထည့်ပေးနေတာ"
"ပြန်မယ်Zarch...ခွန်းကfileသွားပို့ပြီးမှ အိမ်ကိုလာခဲ့"
"ဟုတ်ကဲ့boss"
"ဟုတ်ကဲ့boss"
"ညီ..ဂရုစိုက်နော် ညီ့ကိုအန္တရာယ်ပေးလာရင် ကိုယ့်ဆီသာဖုန်းဆက်လိုက်"
"ဟုတ်ကဲ့ အစ်ကို တာ့တာ"
ညီ့ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးပြီးbossနောက်ကခြေတစ်လှမ်းခွာလိုက်လာခဲ့သည်။ ညီဆိုတာက ကျားတစ်ကောင်လက်ထဲ ဒဏ်ရာရခဲ့တဲ့ ကြောင်ကလေးဖြစ်တယ်...ကျွန်တော်ကတော့ ဒဏ်ရာတွေကို ကုစားပေးချင်တဲ့သူ...
(A/N Yankhoonလား Zarchkhoon လား
teamခွဲရင်ထသတ်မဲ့သဘောရှိ😆)#505words
#17.Nov.2021
#Jasminedevil (အိုရာ)
YOU ARE READING
ပုဂံမြေမှအိုချစ်ရာ (Completed)
Romansမတည်မြဲခြင်းတွေကြောင့်အရာရာကအချိန်တန်ရင်ပျက်ဆီးကြပေမဲ့ ကိုယ်တို့ရဲ့အချစ်ကတော့ထာဝရရှင်သန်နေမှာပါ မတည်မြဲခြင်းတွေကြောင့်အရာရာကအချိန်တန်ရင်ပျက်ဆီးကြပေမဲ့ ကိုယ်တို့ရဲ့အချစ်ကတော့ထာဝရရှင်သန်နေမှာပါ Start date 12.Sep.2021 End date 20.Feb.2022