6

933 67 28
                                    

'' ဖိုးစိန်က ဒီခြံကြီးထဲမှာ ငယ်ငယ်ထဲကရှိခဲ့တာ နာမည်အရင်းက ထွန်းစိန်တဲ့ ကျွန်တော်ကတော့သူ့မြေး ရန်ပြေ  ပါ"

ထမင်းဝိုင်းမှာ သွက်လက်သည့် ကောင်လေးဟာ သူ့ကိုယ်သူရော သူ့မိသားစုတွေအကြောင်းပါမိတ်ဆက်ပေးရင်း...
မာန်နဲ့ ရင်းနှီးသွားသည်....

မာန့်အပေါ်ရင်းနှီးစွာပြောနေသည်ကို ဖိုးစိန်ကတော့ အားနာဟန်ရှိပေမဲ့...
သူကတော့မနေ့ကထမင်းဝိုင်းထက်ပိုပြီးသက်တောင့်သက်သာရှိလှသည်...

''ဒါဖြင့် ဖိုးစိန်က အရေးပိုင်မင်းရှိစဥ်အချိန်တွေကိုမှီလိုက်မှာပေါ့ "

''ဖိုးစိန်ကငယ်သေးတော့ သိပ်မမှတ်မိပါဘူး သားရယ် "

'' မှတ်မိသလောက်ဖြစ်ဖြစ် ပြောပြပါလား...အရေးပိုင်မင်း ဟာ ဘယ်လိုပုံမျိူးလဲ ဘာတွေလုပ်တက်လဲ ''

'' သမီးရွှေအိမ်က ဘာမှမပြောပြဘူးလား"

'' မျိူးဆက်ဝေးလို့ သူမသိဘူးတဲ့ "

''အင်းပေါ့ မမကြီး အိမ်ထောင်ကျပြီးပြောင်းရွေ့သွားတော့ သမီးရွှေအိမ်ရဲ့ဖွားဖွားတောင် ရင်ခွင်ပိုက်ကလေးရှိသေးတာ "

အတိတ်တွေကို....

လွမ်းသလိုလို သူ ပြောချင်ရာဆို ခပ်ဆွေးဆွေးမျက်လုံးတွေနဲ့ပြောတက်ပေမဲ့...
တခြားအရာတွေဘာမှမေးမရ....

" ကိုယ်တော်ဟာ တည်တည်ကြည်ကြည်နဲ့သိပ်ကိုခန့်ညားတဲ့ပုဂ္ဂိုလ်.....ခပ်တည်တည်နဲ့နေတက်ပေမဲ့ မာန်မာမရှိဘူး ဘက်မလိုက်ဘူး "

စိတ်လိုလက်ရပြောပြနေတဲ့ ဖိုးစိန်ရဲ့စကားတွေကို သူရောရန်ပြေပါ ငြိမ်သက်စွာ...
စိတ်ဝင်တစားနားထောင်မိကြသည်...

" ကိုယ်တော်ဆိုတာ အရေးပိုင်မင်းကိုခေါ်တာလား "

သူ့ရဲ့အမေးကို အဘဟာ အသာခေါင်းညိမ့်​ပြကာ...
ရှေ့ကရေနွေးကြမ်းကို သောက်သည်...
ထို့နောက်...

'' အဘ..အတိတ်ကာလတွေတွေးတိုင်း ဘယ်တော့မှ မမေ့တာ မိုးကျရွှေကိုယ်ဆိုတဲ့သခင်လေးပဲ "

'' မိုးကျရွှေကိုယ် "

သူ့အတွက်ထူးဆန်းလွန်းသည့်နာမည်ကိုနောက်ကလိုက်ကာရေရွတ်မိသည်...

ရွှေအိမ်စိုး(Complete)Where stories live. Discover now