" လူကြီးတွေက ရန်ကုန်ပြန်လာဖို့အတင်းလောနေပြီမာန် "
" ဘာလို့လဲ "
" မသိဘူး မာမီတို့က ပြန်လာခဲ့တဲ့ မာန်မိဘတွေနဲ့မိသားစုခြင်းတွေ့ပြီး..လက်ထပ်ဖို့စီစဥ်ကြတော့တဲ့ "
" မိဘခြင်းတွေ့ရမယ်? ဒါဆို ကိုယ်တို့ကိုသဘောတူလိုက်တာလား "
" ထင်တာပဲ "
ရွှေအိမ်မိဘတွေဟာ....
သူ့ကိုသဘောကျတယ်လဲမဟုတ်သဘောမကျတယ်လဲမဟုတ်သည့်အခြေနေမို့
သဘောမတူဘူးထင်ခဲ့တာအခုလိုမိသားစုခြင်းတွေ့ဖို့အထိစီစဥ်ခိုင်းတာဟာကောင်းတဲ့ဘက်ကပဲမို့သူရူးလောက်အောင်ပျော်ရသည်
တကယ်ဆိုသူတို့အသက်တွေကမငယ်ကြတော့ဘူးမဟုတ်လား..." ကျွတ် "
" ဟင် "
ရုတ်တရက်ကြားလိုက်သည့်အသံကြောင့်သူအပေါ်ကိုမော့ကြည့်မိတာစိတ်ကသိနေသည့်အတိုင်း
လေမတိုက်ပါပဲ ကြိုးကျလာသည့်သရက်ကိုင်းကြီးကြီးဟာရွှေအိမ်ရှိရာဆီသို့တန်းတန်းမတ်မတ်....."ရွှေအိမ် ."
ရုတ်တရက်အခြေအနေမှာ သူမကိုတွန်းလိုက်နိုင်ပေမဲ့,...လူဟာသစ်ကိုင်းနှင့်တိုက်မိပြီး...
မြေပြင်ပေါ်သို့အရှိန်နှင့်ကျသည်...
" မာန် "
သူမစိုးရိမ်တကြီးအော်သံကြားမှာကြီးကြီးမားမားမထိခိုက်သော်လည်းခြေထောက်ခေါက်သွားသည်မို့ထင်ပါရဲ့...လူကထမရတော့ပေ...
" ဖိုးစိန်လာပါအုန်း "
သူမအော်သံဆူးဆူးကလေးနောက်မှာဖိုးစိန်တို့မြေးအဖိုးရောက်လာခဲ့ကြသည်...
ရှုပ်ရှက်ခတ်နေသည့်အခြေနေတွေကြားမှာ...
ပန်းကလေးတစ်ပွင့်နှင့်....အမျိူးသမီးက အိမ်ပေါ်က နေစူးစိုက်ကြည့်နေသည်
ဆေးရုံတက်ရအောင်အခြေနေမဆိုးသော်လည်း......
YOU ARE READING
ရွှေအိမ်စိုး(Complete)
Korku၁၉၄၀ ဝန်းကျင်လောက်က ထူးဆန်းစွာသေဆုံးခဲ့တဲ့ အရေးပိုင်မင်းရဲ့သမီးရွှေအိမ်စိုး...