ရွှေအိမ်စိုးနှင့်ငွေအိမ်စိုးကို....
မင်းကတော်ဟာထာဝရနေရာလဲပေးလိုက်တော့သည်....
ထွန်းဟန်ရဲ့အဖေနဲ့အရေးပိုင်မင်း
ကိုတော့ မင်္ဂလာပွဲနီးမှထွန်းဟန်နဲ့ရွှေအိမ်စိုးခိုးပြေးကြသည်ဟုအသိပေးပြီး....
မျက်နှာမပျက်ရစေဖို့ရုပ်တူသည့်ငွေအိမ်ကိုအစားထိုးလိုက်ကြရအောင်ဟု...
ဂရုဏာရှင်လိုလိုအကြံပေးသည်.....ဒီလိုနှင့်ကိုယ်တော်ကိူအေးဆေးလှည့်စားနိုင်ခဲ့ကာ....
အပြင်မှာတော့ ငွေအိမ်စိုးနဲ့ထွန်းဟန်ထွက်ပြေးကြသည်မို့ ကိုယ်တော်အမွေဖြတ်စွန့်လွှတ်လိုက်သယောင်...
အားလုံးဟာအစီစဥ်တကျ အကွက်ကျကျ....
ပြီးဆုံးသွားခဲ့သည်....အရေးပိုင်မင်း ရဲ့မိသားစုမှတ်တမ်းတွေမှာ...
ငွေအိမ်စိုးရဲ့ပုံဟာ...
ရွှေအိမ်စိုးအမည်တပ်ကာ.....သေဆုံးသည်အထိရွှေအိမ်စိုးအဖြစ်တွင်ကျန်ခဲ့ရသည်.....
အရေးပိုင်မင်း ဟာသူ့သမီးငယ်ကိုအသက်သေဆုံးသည့်အချိန်အထိရှာဖွေနေဆဲဖြစ်သလို.....
ခေတ်တွေအဆက်ဆက်ပြောင်းလဲခဲ့သည့်အခါ.နောက်ထပ်မျိူးဆက်တွေဟာငွေအိမ်စိုးကိုသာရွှေအိမ်စိုးအဖြစ်သိသွားခဲ့ကြပြီး.......ထွန်းဟန်သေဆုံးသွားသည့်အမှန်တရားတွေကိုမေ့ပျောက်ခံလိုက်ရသလို...
ဘယ်သူမှလဲမသိလိုက်ပါ..........................................................................
မာန်ဟာ သူညတိုင်းအိမ်မက်လိုလိုမြင်ခဲ့ရသည့်အမှန်တရားတွေကိုဘယ်သူမှယုံမည်မဟုတ်မှန်းသိသည်မို့......
စေ့စပ်ပွဲအပြီး.....အရေးပိုင်မင်းရဲ့သမီးအကြီး....
ရွှေအိမ်ရဲ့အဖွားနှင့်တွေ့ခွင့်ရသည့်အခါမှသာ.....
သတိလွတ်တချက်ရတချက်နှင့်....
အဘွားရတနာအိမ်စိုး ကိုသာမေးမြန်ခွင့်ရခဲ့သည်......ရွှေအိမ်မေမေဟာသူမကိုယ်ဝန်မရခင်က....
အိမ်ရှေ့မှာချိတ်ထားသည့်ပုံထဲကမိန်းကလေးကသူမနှင့်လာနေချင်သည်ဟုအိမ်မက်မက်သည်တဲ့....
အိမ်မက်မက်ပြီးမကြာခင်ကိုယ်ဝန်ရကာ....
YOU ARE READING
ရွှေအိမ်စိုး(Complete)
Horror၁၉၄၀ ဝန်းကျင်လောက်က ထူးဆန်းစွာသေဆုံးခဲ့တဲ့ အရေးပိုင်မင်းရဲ့သမီးရွှေအိမ်စိုး...