မင်္ဂလာပွဲကို အမြန်ဆုံးစီစဥ်ချင်တယ်ဆိုသည့်မိုးကျရွှေကိုယ်ရဲ့ခွင့်တောင်းခြင်းတွေကို....ကိုယ်တော်ဟာသဘောကျနှစ်ခြိုက်တော်မူသတဲ့....
ဒီရက်ပိုင်းမှ......ချစ်ရတဲ့မိန်းမလှကလေးဟာ မြန်မာဆန်ဆန်ဝတ်ပြီး မေမြို့ပန်းကလေးတပွင့်အမြဲပန်ထားတက်သည်...
အရင်လိုဂါဝန်ကလေးတွေနှင့်မတွေ့ရတက်တော့သော်လည်း ဒီလိုလေးလဲတမျိူးလှပါတယ်....ဘာကြောင့်...သူမရဲ့အမလိုဝတ်ဆင်နေသလဲထွန်းဟန်မသိပေမဲ့...
ကြည့်ရတာသမီးတော်လေးဟာမကြာခင်အိမ်ရှင်မအဖြစ်ခံယူဖို့လေ့ကျင့်နေတာထင်ပါရဲ့....
သခင်တွေရဲ့အရေးကိစ္စကိုဘောင်ကျော်စည်းကျော်ပြီးတွေးနေရတယ်လို့...
ထွန်းဟန်သူ့ကိုယ်သူပြုံးမိသည်......
" ရွှေအိမ် "
တိုးရှရှနှင့်ကြည်လင်နေသည့်အသံကြောင့်.
မိုးကျရွှေကိုယ်မှန်းတန်းသိလိုက်သည်...." ကိုမိုးကျရွှေကိုယ် "
" နှမကလေးဟာဒီနေ့တော့မနေ့ကနဲ့မတူ....ဒီမောင်ကိုတွေ့တာထွက်မပြေးတော့ပါလား"
" ဟို....အဲ့တာ "
" နောက်တာပါကွာ...ကိုယ့်ကိုအာ့လောက်ထိမကြောက်ပါနဲ့ရွှေအိမ်.... "
စိတ်သက်သာရာရသွားသလိုပင့်သက်ချသည့်ကောင်မလေးကိုအသည်းယားစွာမြတ်နိုးရပါသည်...
"ကိုယ်မနေ့ကပြောတာလေး ဘယ်လိုသဘောရသလဲ''
" ရှင် "
" ကိုယ်မင်းကိုနှစ်သက်တယ်....မဟုတ်ဘူး ဒီနေ့တွေ့လိုက်မှကိုယ်ပိုသိလာတယ် နှစ်သက်တာထက်ပိုတယ်...ကိုယ်..မင်းကိုချစ်တယ် "
" အို....."
"မင်းကရော "
YOU ARE READING
ရွှေအိမ်စိုး(Complete)
Horror၁၉၄၀ ဝန်းကျင်လောက်က ထူးဆန်းစွာသေဆုံးခဲ့တဲ့ အရေးပိုင်မင်းရဲ့သမီးရွှေအိမ်စိုး...