လမိုက်ညသန်းခေါင်ယံ....
အေးချမ်းတဲ့ညအချိန်မှာ ပေါက်တူးတစ်လက်နှင့်မြေတူးနေသောထွန်းဟန်....
လူသားတွေအေးချမ်းစွာအိပ်မောကျနေသည့်သန်းခေါင်ချိန်ဖြစ်သော်လည်းထွန်းဟန်ရင်ထဲမအေးချမ်းနိုင်ပါ
ဘယ်သူကထင်မလဲ ချစ်သောရွှေအိမ်....
ကိုယ်ချစ်တဲ့သူရဲ့ ခန္ဓာကိုယ်ကို ကိုယ်တိုင်မြေမြှပ်ပေးရလိမ့်မယ်လို့....
ဘယ်နှလုံးမျိူးနဲ့ ဒီကျွန်ရက်စက်နိုင်ပါ့မလဲ...မျက်ရည်တွေနဲ့အတူရောမြှပ်ခဲ့ရသည့်...
သူမရဲ့အသက်မဲ့ခန္ဓာကိုယ်လေးဟာ....
ဒီနေရာမှာအေးချမ်းစွာအနားယူနိုင်ပါ့မလား...ခွင့်လွှတ်ပါချစ်ရသူ........
မာန်သူ့မျက်လုံးပင်သူမယုံနိုင်...
ညကြီးအချိန်မတော်ပေါက်တူးတလက်နှင့်ကျင်းတူးနေပုံက စိတ္တဇဆန်လှသည်....ဟေ့လူ...သူခေါ်နေသော်လည်းထောင်ထောင်မောင်းမောင်အသားညိုညိုနှင့် ဒီလူဟာဘယ်သူလဲ....
အရေးပိုင်မင်းရဲ့ခြံထဲမှာဒီပုံစံမျိူးအလုပ်သမားမရှိပါ...မျက်ရည်တွေနှင့်ကျင်းတူးနေပုံကစိတ္တဆန်သလို...
ဟင်ဘေးမှာအဝတ်နှင့်ပတ်ထားတာ....လူသေကြီးလားဘုရားရေ....
ထိုလူဟာသူရှိနေတာကိုသိပုံမပေါ်သလိုမြင်ပုံမရပါ...
သူဘယ်ရောက်နေတာလဲ....
ဒါဟာအိမ်မက်လား" အကို...အကို "
နားထဲကြားနေရသည့်အသံသေးသေးခေါ်သံကလေးကြောင့်မာန်မျက်လုံးတွေဖွင့်ကြည့်လိုက်မိသည်....
ပန်းတပွင့်ပန်ကာ....
မြန်မာဆန်ဆန်ဝတ်စားထားသည့်မိန်းမငယ်လေး....ဟိုနေ့ကအမျိူးသမီးလေး....
သူအိမ်မက်မက်နေပြန်ပြီလား....
" မင်း...ဘယ်သူလဲ "
" ကျမ ရွှေအိမ်စိုးပါအကိုရယ် "
ရွှေအိမ်နှင့်ချွတ်စွတ်တူသည့်မိန်းကလေး.....
ပြီးတော့....
YOU ARE READING
ရွှေအိမ်စိုး(Complete)
Terror၁၉၄၀ ဝန်းကျင်လောက်က ထူးဆန်းစွာသေဆုံးခဲ့တဲ့ အရေးပိုင်မင်းရဲ့သမီးရွှေအိမ်စိုး...