နယ်ချဲ့ခြင်း

20 4 1
                                    

Zawgyi

တီ တီ တီ တီ..........

''အာ ဘယ်သူဆူညံနေပြန်ပီလဲ
ကျွတ် ကျွတ် ခေါင်းက ကိုက်လိုက်တာ ငါဘယ်ရောက်နေတာလဲ''

ညက ပုံရိပ်များ ဝိုးတဝါးခေါင်းထပြန်ပေါ်လာလေသည်
မနေ့က လစာထုတ်ရက်မို့ သူနှင့်သူ့သူငယ်ချင်းတသိုက် ဘီယာဆိုင်မှာအမူးရူးသောက်ပီး လူမှန်းမသိအောင်မူးခဲ့ခြင်းပင်။

အိမ်ဘယ်လိုပြန်ရောက်လာလဲတော့မသိ စိုးကြီး ပြန်လိုက်ပို့တာဖြစ်မည်။ ဒီကောင်ကဘယ်လောက်သောက်သောက်မမူးတဲ့ကောင်

လောလောဆယ်တော့ မျက်နှာထသစ်ပီး ခေါင်းကိုက်သက်သာအောင် သံပုရာရည်တခွက် သောက်ထားလိုက်လေသည်။ တနင်္ဂနွေရုံးပိတ်ရက်မို့တော်သေး မဟုတ်လို့ကတော့ ခွင့်မဲ့ပျက်ရင် လစာကအဖြတ်ခံရအုံးမည်။

..........

"ဂျီယာ ဒီတလောမင်းရဲ့အပြုမူတွေထူးဆန်းနေတယ်နော်
မင်းဟိုလူသားလေးကို လိုတာထက်ပိုအရောမဝင်နဲ့ ကြားလား''

"ဟုတ်ကဲ့ပါ သခင်''

"အေး မင်းက ငါတို့ M111ဂြိုလ်ရဲ့ အရေးပါတဲ့လူတွေထဲကတယောက်ပဲ ရည်ရွယ်ချက်ပြည့်ဝလို့ငါတို့မိခင်ဂြိုလ် ပြန်ရင် မင်းရဲ့မလိုအပ်တဲ့သံယောဇဉ်တွေကြောင့်တခုခုပြသနာတက်မှာ အဖြစ်မခံနိုင်ဘူး ''

"ဟုတ်ကဲ့ပါ သခင်ကြီး''

သူတို့ ဒီE21 ဂြိုလ်သို့ရောက်နေခဲ့သည်မှာနှစ်၂ထောင်ပင်ကျော်ခဲ့ပီ။ သူတို့မိခင်ဂြိုလ်မှာ E21ဂြိုလ်မှ အလင်းနှစ်တသန်းကျော်ဝေးကွာလေသည် သို့သော် ထိုဂြိုလ်သည် အနှစ်တသောင်းလျင်တခါ နေစကြာဝဠာအနီးမှ ဖြတ်သန်းသွားလေ့ရှိသည် ။သူတို့ ဒီE21ဂြိုလ်ကိုရှာတွေ့ခဲ့သည်မှာလည်း ထိုသို့သောအချိန်တွင်အမှတ်မထင်တွေ့ခဲ့ချင်းပင်

E21ဂြိုလ်သို့ သူတို့နယ်ချဲ့ခဲ့ရခြင်း အဓိကရည်ရွယ်ချက်မှာ ရွှေနှင့် အခြား သတ္တုများတူးဖော်ရန်ဖြစ်သည်။ ရွှေမှာသူတို့ဂြိုလ်သားများအသက်ရှင်ရန်အရေးပါလှသည်။

သူတို့မိခင်ဂြိုလ်မှာ ရွှေအဆမတန်တူးဖော်မှုကြောင့် ရှိသမျရွှေကုန်ခမ်းကာ ဂြိုလ်မျက်နှာပြင်များမှာလည်း အပေါက်တွေနဲ့ပြည့်နေခဲ့သဖြင့် လိုအပ်သော ရွှေရရှိရန် ဂြိုလ်အသစ်များကို စူးစမ်းလေ့လာခဲ့သည် ။တနေ့တွင် E21ဂြိုလ်ဟုသတ်မှတ်ထားသောဂြိုလ်သည် သူတို့မိခင်ဂြိုလ်၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သည့် ရတနာသိုက်ကြီးမှန်း သိခဲ့သဖြင့် နယ်ချဲ့ခဲ့ခြင်းဖြစ်လေသည်။

နှစ်အင်္သချေ ချစ်ရသူHikayelerin yaşadığı yer. Şimdi keşfedin