ရှောင်းကျန့် ရေချိုးခန်းထဲကနေ ခေါင်းသုတ်ရင်း ပြန်ထွက်လာသည်။ bathrobeကို ချွတ်ပြီး အကျီအသစ်လဲဖို့ ခါးစည်းကြိုးကဆွဲချရင်းမှ တံခါးဘောင်ကို လက်ထောက်ပြီး ရှောင်းကျန့်ကို ကြည့်နေတဲ့ ရိပေါ်ကို တွေ့သည်။ ရှောင်းကျန့်က ရင်ဘတ်ကို စေ့လိုက်ပြီး ခါးစည်းကြိုးကိုလည်း ပြန်ပြီး တင်းနေအောင်ချည်လိုက်သည်။
" အဟင်း !!!! "
ရိပေါ်က ရှောင်းကျန့်ရှိရာဆီ လျှောက်လာကာ ခနဲ့ပြီး ရယ်သည်။ ရှောင်းကျန့်က ရိပေါ်ကို ဒေါသတကြီး ကြည့်ရင်းမှ
" ဘာလာလုပ်တာလဲ ... ငါ့အခန်းထဲ ... ထွက်သွား ... အရိုင်းအစိုင်းလူယုတ်မာကောင် ။ "
ရှောင်းကျန့်က ရိပေါ်ကို လက်ညိုးငေါက်ငေါက်ထိုးကာ ပြောပြီး တံခါးဘက်ကို လက်ညိုးညွှန်ပြကာ ထွက်သွားဖို့ အမိန့်ပေးသည်။
" မောင်က ကောကို ပြောစရာရှိလို့ပါ။ "
" ဘာ .... ဘာမောင်လဲ ... လဲသေလိုက် ဝမ်ရိပေါ် ... "
ရှောင်းကျန့်က ရိပေါ်စကားကို ဆက်ဆက်ထိမခံဖြစ်ကာ မှန်တင်ခုံပေါ်တင်ထားတဲ့ ရှိသမျှပစ္စည်းတွေနဲ့ အကုန်ပစ်ပေါက်သည်။ $500တောင် ပေးရတဲ့ ရေမွှေးပုလင်းကလည်း ရိပေါ်ပုခုံးစွန်းကို ထိမှန်ပြီးမှ ကြမ်းပေါ်ကျကွဲသွားသည်။
" ဟ ... ဘလိုင်းကြီးပါလား။ စကားလေး နည်းနည်းပြောချင်လို့ဆိုတာတောင် တွေ့သမျှနဲ့ ပစ်ပေါက်နေတာ။ မသိရင် သူ့ကို မတော်မတရား ကြံနေသလိုပဲ။ "
" မင်းရဲ့ မောင်ဆိုတဲ့ နာမ်စားကို ပြင်လိုက် "ရိပေါ်က မျက်ခုံးကို ဘယ်ဖက်လက်နဲ့ ကုတ်ခြစ်ရင်းမှ ခပ်ဟဟ ရယ်ပြီး
" ကျွန်တော်လို့တော့ သုံးလို့ရတယ်မလား။ "
ရှောင်းကျန့်က အလိုမကျသလို မျက်ခုံးတွေ ကွေးကုပ်ထားတာ လုံးဝမပြေပေ။ ရိပေါ်က ရှောင်းကျန့်ကို ကြည့်ရင်းမှ အံတင်းတင်း ကြိတ်လိုက်သည်။ တကယ်ဆို ဒီလိုဒေါသတွေထွက်နေရမှာ သူလား၊ကိုယ်လား။ အခုတော့ သူကတပြန်ကြီး ဒေါသကြီးပြနေတယ်။