ရှောင်းကျန့်က အခု အလုပ်ဆိုက်ထဲမှာ။ မျက်နှာက သုန်မှုန်နေတာပဲ။ ဘေးမှာတော့ ဝမ်ရိပေါ်။ ဒီဝမ်ရိပေါ်က တကယ်ပဲ ဘာဖြစ်ချင်နေသလဲ မသိပါဘူး။ ရှောင်းကျန့်ကို ဘလိုင်းကြီး မုန်းပါတယ်၊ ကြည့်မရပါဘူးလို့ ရန်စတာလည်းသူ၊ ရှောင်းကျန့်အနောက် တကောက်ကောက်လိုက်နေတာလည်း သူပါပဲ။
ဒီနေ့မနက်လည်း မနက်စာ ထမင်းစားဝိုင်းမှာ ရှောင်းကျန့်အခုဦးစီးနေတဲ့Mallဖွင့်ဖို့ ရည်ရွယ်ထားတဲ့ Constructionကို လိုက်လေ့ချင်ပါတယ်တဲ့။ ပါပါးတို့ရှေ့မှာ ခွင့်တောင်းတော့ မငြင်းနိုင်ပဲ လိုက်ခဲ့ဖို့ ခွင့်ပြုရတယ်။
" ဝမ်ရိပေါ် လေ့လာချင်ရင် မန်နေဂျာ ထည့်ပေးလိုက်မှာမို့ ငါ့နောက်မလိုက်လည်းရတယ်။ ငါက အပေါ်ထပ်တွေ သွားကြည့်ဦးမှာမို့။ "
" သွားလေ ... ကျွန်တော်လည်း ကြည့်ရတာပေါ့။ ခင်ဗျားက ဘာဖြစ်နေတာလဲ။ ကျွန်တော်လိုက်လာလည်း ခင်ဗျားထမ်းပိုးထားရတာမှ မဟုတ်တာ။ ကိုယ့်ခြေထောက်နဲ့ ကိုယ်လျှောက်တာ အနေသာကြီးကို။ "
ယာယီလှေကားကနေ အပေါ်တက်နေရင်းမှ ရှောင်းကျန့်က ရိပေါ်ကို လှည့်ကြည့်ကာ ဂြိုလ်ကြည့်ကြည့်သည်။ ရိပေါ်က ပြုံးယောင်သမ်းနေရင်း ရှောင်းကျန့်ကို ရုတ်တရက်ငေးမောပြီးမှ ခဏကြာတော့ ဘေးဖက် လှည့်သွားသည်။
အနောက်က လိုက်လာတဲ့ ရိပေါ်က ရှောင်းကျန့် ဒုတိယထပ်ရောက်သွားလို့ ပြန်လှည့်ကြည့်တော့ ပါမလာပေ။ ရှောင်းကျန့် အောက်ဘက်ကို ခါးကိုင်းကြည့်လိုက်မှ ဖြည်းဖြည်းချင်း တက်လာနေသည်။
" ငါလမ်းလျှောက်တာ အဲ့လောက်မြန်လို့လား။ "
အပေါ်ထပ်မှာလည်း အခန်းဖွဲ့စည်းပုံတွေ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအပြည့်ပဲ။စက်သံတွေနဲ့မို့ စကားပြောရင် အော်ပြောရမယ့် အနေအထား။ ရိပေါ်လည်း သူ့ဖာသာ လေ့လာနေတာမို့ ရှောင်းကျန့်က တွဲဖက်မန်နေဂျာကို ခေါ်ပြီး ခပ်လှမ်းလှမ်းမှာ စကားပြောနေလိုက်သည်။