ရှောင်းကျန့် ချုံချင်းကို ပြန်သွားတဲ့ တစ်ပတ်လုံး ရိပေါ်ဆီက ဖုန်းကိုမျှော်နေပေမယ့် တစ်ကြိမ်မှ ဆက်မလာပါ။ ချစ်သူရည်းစားကြားက ဆက်ဆံရေးကြီးက ရှောင်းကျန့်ဘက်က စချစ်တယ်၊ တွဲကြရအောင်လို့လည်း ရှောင်းကျန့်ဘက်က စပြောတယ်၊ အခုလည်း ရှောင်းကျန့်ကပဲ ရိပေါ်မျက်နှာရိပ်၊မျက်နှာကဲ ကြည့်ပြီးအလိုက်တသိ နေနေရတာပဲ။
ရှစ်ရက်မြောက်နေ့ ညနေခင်းမှာ ရှောင်းကျန့်က Condoကိုပြန်ရောက်လာခဲ့သည်။ အိပ်ယာပေါ်မှာ ရိပေါ်က နားကြပ်နှစ်ဖက်တပ်ထားပြီး Gameကစားနေတယ်။
" $ကောင် တွေ့ရင် မင်းသေဖို့သာပြင်ထား။ "
ရိပေါ်လက်ချောင်းတွေက ဖုန်းScreenမှာ ပြေးလွှားနေတယ်။ ရိပေါ်ဘေးမှာ ရှောင်းကျန့်က အဝတ်အိတ်ချလိုက်တော့ တစ်ချက်တော့ မော့ကြည့်ဖော်ရသည်။ ပြီးနောက် ရိပေါ်က သူ့ဖုန်းကို အာရုံရောက်သွားတယ်။
တွက်ကပ်တာ မဟုတ်ပေမယ့် တကယ်ဆို ရိပေါ်ဘက်က အဝေးကပြန်လာတဲ့ ချစ်သူကို နွေးထွေးစွာ ကြိုဆိုသင့်တယ်မလား။ ရှောင်းကျန့်က ကြမ်းပေါ်ကျနေတဲ့ စောင်ကို ခါလိုက်ပြီး သေချာခေါက်လိုက်ပြီးမှ ခေါင်းအုံးတွေဘေးမှာ စနစ်တကျ ထားလိုက်တယ်။
" ကျစ် .... ရှုံးသွားပြီ "
ရိပေါ်က ဖုန်းကို မွေ့ယာပေါ် ပစ်စလက်ခက်ချပြီး ခပ်တိုးတိုး ညည်းညူသည်။ ပြီးမှ ရှောင်းကျန့်ကို လက်ကောက်ဝတ်မှဆွဲပြီး အိပ်ယာပေါ် ဆွဲချတယ်။ ပြီးတော့ ရှောင်းကျန့် နားသယ်စပ်ကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းရှိုက်သည်။
" လွမ်းနေတာ ... "
ချွေးသိပ်တဲ့စကားလားမသိပေမယ့် ရှောင်းကျန့် ကျေနပ်မိသွားတာတော့ အမှန်ပါပဲ။ ခုဏကထပ် စိတ်အခြေအနေက ပိုကောင်းလာတယ်။
ရိပေါ်ကသာ ပြင်းပြင်းထန်ထန် နမ်းနေပေမယ့် ရှောင်းကျန့်က လှိူက်လှိုက်လှဲလှဲ တုံ့ပြန်မလာတော့ ရိပေါ်က မျက်မှောင်ကုပ်သွားကာ ရှောင်းကျန့်ကို နမ်းနေရာမှ ရပ်တန့်ပေးသည်။