ပါပါးရဲ့အချိန်ပြည့်စောင့်ကြည့်မှုကို ခံရတဲ့ ရိပေါ်က အပြည့်အဝမပျော်ရွှင်ရဘူး။ ရှောင်းကျန့်မျက်နှာလေးကို ကြည့်ပြီး စိတ်ချမ်းသာရပေမယ့် ပြသနာအစုစုကတော့ ရိပေါ်ခေါင်းပေါ်မှာ ထုနဲ့ထည်ပဲ။ အဖိုးရဲ့အမိန့်နဲ့ ကျောင်းပိတ်ရက်တွေဆိုရင်တော့ ရိပေါ်ကအိမ်ပြန်ရတယ်။
ရှောင်းကျန့်နဲ့အတူ လော့ရန်ကို အပျော်ခရီးထွက်မယ်ဆိုပြီးလည်း ကတိပျက်ခဲ့ရပြန်တယ်။ ပါပါးနဲ့ပွဲတစ်ခုသွားရတာမို့ လော့ရန်ကို အရမ်းသွားချင်နေတဲ့ ရှောင်းကျန့်မသွားဖြစ်မှာဆိုးလို့ အိမ်မှာပဲအနားယူချင်လို့ တစ်ယောက်ထဲသွားလိုက်ပါ၊နောက်တစ်ခေါက်မှ အတူတူသွားမယ်လို့ ပြောလိုက်မိတယ်။ရှောင်းကျန့်က ခရီးသွားဖို့တက်ကြွနေတာမို့ ရှောင်းကျန့်ရဲ့ ပျော်ရွှင်မှုကို မဖျတ်ဆီးချင်ဘူး။
ပါပါးက ရိပေါ်ကိုတော့ အခွင့်အရေးပေးတဲ့ သဘောမျိုးမှာရှိတယ်။ ပွဲမျိုးစုံခေါ်သွားပြီး ရိပေါ်ကို ပွဲထုတ်ကာ အမျိုးမျိုးသော အလှပဂေး ပျိုမဒီတွေနဲ့ မိတ်ဆက်ပေးတယ်။အကြောင်းပြချက်က ရိပေါ် စိတ်ပြန်လည်လာဖို့ပဲ။
ရိပေါ်က ပါပါးရဲ့သဘောအတိုင်း အလိုက်သင့်ပဲနေပေးတယ်။ သူအခု ကြီးကြီးမားမား ကြံနေတာတစ်ခုရှိတယ်။ အဲ့ဒါအကောင်အထည်ဖော်ပြီးရင် ကျန့်ကောနဲ့အတူ ဝေးရာကို ထွက်ပြေးဖို့ပဲ။ မိဘဆိုတာ သားဆိုးသမီးဆိုးဆိုရင်တောင် စိတ်ဆိုးတုန်းသာ ပစ်ပယ်တာ။စိတ်ပြေရင် ပြန်လက်ခံပေးမှာ။
ဒီအတောအတွင်း ရှောင်းကျန့်ကိုတော့ ပစ်ထားမိသလိုဖြစ်နေတယ်။ အဲ့လိုဖြစ်နေမှန်း သိပေမယ့်လည်း နောင်နီးစပ်မှ ရှောင်းကျန့်ကျေနပ်လောက်သည်အထိ အလိုလိုက်ချော့မော့ဖို့ ရိပေါ်ကစီစဥ်ထားသည်။ အခုလောလောဆယ် အနေအထားအရ ရှောင်းကျန့်ကလည်း နှစ်ကုန်finalစာမေးပွဲအတွက် အရမ်းပင်ပန်းနေတာမို့ Condoပြန်ရောက်ရင် ခဏအတွင်း အိပ်ပျော်သွားသည်။ တစ်ခါတစ်လေ ရိပေါ်ကပဲ ဖိနပ်တွေ၊ခြေစွပ်တွေချွတ်ပေးပြီး နေရာတကျ ထားရသည်။