ညနေလေးနာရီ ကျော်ရုံလေးမှာပဲ ရှောင်းကျန့်က အိမ်ပြန်ရောက်လာခဲ့သည်။ ကားကို ဖြစ်သလိုထိုးရပ်ပြီး လူက ခပ်သွက်သွက်ကလေး ကားပေါ်က ဆင်းသည်။ ပန်းပင်တွေနှုတ်နေတဲ့ အန်တီရင်းနဲ့ချယ်လ်က ရှောင်းကျန့်ကို ထူးဆန်းနေသလို လှမ်းကြည့်ကြသည်။ ရှောင်းကျန့် အလုပ်ပြန်ချိန်က အစောဆုံး ငါးနာရီခွဲလေ။
ချယ်လ်က ၁၂နှစ်အရွယ် သွက်သွက်လက်လက်ကောင်မလေး ဖြစ်ကာ အလုပ်သမားဆိုတာထပ် ရှောင်းကျန့်တို့က သူမကို မိသားစုဝင်လို ဆက်ဆံသည်။ သူမကလည်း သိပ်ကို အလိုက်သိတာ။
" ကိုကိုကျန့် ... ကိုကိုကျန့် ဘာလို့အစောကြီးပြန်လာတာလဲ။ နေမကောင်းလို့လား။ ချယ်လ် ဆရာဝန်ပင့်လိုက်ရမလား။ "
အိမ်ပေါ်တက်ဖို့ ဦးတည်နေသော ရှောင်းကျန့်က ခဏရပ်လိုက်ပြီးမှ ချယ်လ်ခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်ပြီး
" အလုပ်စောပြီးလို့ ပြန်လာတာ ချယ်လ်။ ဒါနဲ့ မာမားတို့ရော။ "
" ဦးလေးနဲ့အန်တီက Dinnerဆိုလားပဲသွားတာ။ မမရှောင်းမင်က သူ့သူငယ်ချင်းလာခေါ်လို့ ထွက်သွားတာ။ "
" အာ ... ဟုတ်ပြီ။ ဒါဆို ဧည့်သည်က ရှောင်းမင်နဲ့ပါသွားတာလား။ "
" မပါဘူး ကိုကိုကျန့်။ မမကခေါ်ပေမယ့် အဲ့ကိုကိုက ခေါင်းကိုက်နေလို့ မလိုက်ချင်ဘူးတဲ့။ အဲ့အချိန်ထဲက အိမ်ပေါ်တက်သွားတာ အခုထိ ဆင်းလာတာ မတွေ့သေးဘူးရယ်။ "
" အင်းအင်း ချယ်လ်။ ပန်းပင်စိုက်နေတာမလား။ အလုပ်သွားလုပ်လေ။ ကိုကို ခိုင်းစရာရှိမှခေါ်လိုက်မယ်နော်။ "
" ဟုတ် ကိုကိုကျန့် "
ချယ်လ်က သွားလေးဖြီးကာ ရယ်ပြပြီး ခါးကိုင်းအရိုအသေပြုကာ ရှောင်းကျန့်ရှေ့ကထွက်သွားသည်။ ချယ်လ်ထွက်သွားမှ ရှောင်းကျန့်လည်း အပေါ်ထပ် တက်ခဲ့သည်။ရိပေါ်အခန်းရှေ့သွားပြီး အခန်းတံခါးကို သုံးချက်လောက်ခေါက်လိုက်သည်။ ကိုယ့်အိမ်ပေမယ့် ရှောင်းကျန့်က respectရှိတယ်။ ခဏရပ်စောင့်ပေမယ့် တုံ့ပြန်သံမကြားတာကြောင့် နောက်ထပ် ထပ်ခေါက်လိုက်သည်။အခုတစ်ခေါက်လည်း ထိုနည်းအတူပဲ။