ကျဲလုဆိုတဲ့တစ်ယောက်က ညနေခင်း ရှောင်းကျန့်အလုပ်ပြန်ချိန်ရောက်တော့လည်း အိမ်ထိပါလာသည်။ ရိပေါ်ကရှောင်းမင်နဲ့ ကားတစ်စီး ဖြစ်ပြီး ရှောင်းကျန့်ကတော့ ကျဲလုနဲ့ အတူတူသွားဖြစ်သည်။
အိမ်ထဲဝင်ခါနီး ရှောင်းမင်က ရိပေါ်ကို ကူတွဲပေးဖို့ လုပ်ပေမယ့် ရိပေါ်က လက်မခံပေ။ ယဥ်ယဥ်ကျေးကျေးလေးသာ ငြင်းဆိုပြီး အိမ်ထဲ ဝင်လာခဲ့သည်။
ရှောင်းကျန့်တို့အမေက ကျဲလုကိုတွေ့တော့ ဝမ်းသာအားရနဲ့ ထွေးဖက်နေသည်။ ချွေးမလောင်းကို သိပ်ကို သဘောကျနေဟန်။
" အန်တီတို့အတွက် လက်ဆောင်တွေပါပါတယ်။ ကျန့်အာ ရေသွားချိုးရင် ချိုးလေ။ ကျဲ ဒီမှာ အန်တီတို့နဲ့ စကားပြောနေလိုက်မယ်။ "
" ဟုတ်ကဲ့ ... မြန်မြန်ဆင်းလာခဲ့ပါ့မယ်။ "
ရှောင်းကျန့်က အိမ်ပေါ်တက်ခါနီးတော့ ရိပေါ်ကို တစ်ချက်လှည့်ကြည့်ပြီး စောင့်နေပေးသည်။ ရိပေါ်ခြေဖဝါးက ကိုယ့်ကြောင့်ထိခိုက်ထားတာမို့ အိမ်ပေါ်တက်ရင် အဆင်မပြေမှာဆိုးလို့။
" မင်း အိမ်ပေါ်မတက်ဘူးလား။ "
ရှောင်းကျန့်ဘေးမှာ ကြောင်တောင်တောင်နဲ့ ရပ်နေတဲ့ ရိပေါ်က ရှောင်းကျန့်မေးလိုက်မှ
" အင်း ... ကျွန်တော်လည်း ရေချိုးမလို့။ "
" လာလေ ... မင်း ... မင်း အိမ်ပေါ်တက်လို့ အဆင်မပြေရင် ငါ့ကို တွဲလို့ရတယ်။ "
ရှောင်းကျန့်က လက်ကမ်းပေးတော့ ရိပေါ်က ရှောင်းကျန့်လက်ဖဝါး သေးသေးလေးကို သူ့လက်ဖဝါးခပ်ကြီးကြီးထဲ ထွေးဆုပ်ထားသည်။ ကူတွဲဖို့ပြောတာ ရှောင်းကျန့်ပေမယ့် ရိပေါ်က ရှောင်းကျန့်လက်ကို ဦးဆောင်ကာ ဆွဲသွားလေသည်။ ဒဏ်ရာရထားတာ မည်သူလဲတောင် ပြန်မေးရမယ့်အဖြစ်။
ရှောင်းကျန့်က ရိပေါ်အခန်းရှေ့ရောက်တော့ သူ့လက်ကိုတွဲထားတဲ့ ရိပေါ်လက်ကို ဆွဲဖြုတ်သွားသည်။ ပြီးနောက် သူ့အခန်းဆီ ခြေသံမှန်မှန် ဆက်သွားသည်။