အနက်ရောင်သူရဲကောင်း Part 1

1.8K 121 1
                                    

      တောင်ကိုးရီးယားနိုင်ငံရဲ့ အရှေ့ဘက်ခြမ်းမှာရှောင်ချီမျှောင်ဆိုတဲ့ တိုင်းပြည်တစ်ပြည်ရှိတယ်။
အဲ့တိုင်းပြည်ကို အုပ်ချုပ်သူကတော့ ဘုရင်Janeပါပဲ။ဘုရင်Janeမှာ အလွန်ချစ်မြတ်နိုးရသော သမီးချောလေးတစ်ဦး ပိုင်ဆိုင်ထားပါတယ်။
       အနောက်ဘက်တိုင်းပြည်ကလည်း Jeonဆိုတဲ့ ဘုရင်တစ်ဦးရှိတယ်။ဘုရင်jeonဟာ စိတ်သဘောထားအလွန်ယုတ်မာလွန်းတယ်။ သူတို့တိုင်းပြည်နှစ်ပြည်က ပြည်သူတွေသိပ်မတည့်ကြပါဘူး။
         ဘုရင်Janeဟာ ငြိမ်းချမ်းရေးပဲလိုလားသူမလို့ ဘုရင်Jeonနဲ့ ချစ်ကြည်ရေးစာချုပ် ချုပ်ခဲ့ကြတယ်။ဘုရင်Jeonအကူညီလိုရင်လည်း  အမြဲကူညီပေးခဲ့တယ်။ကြာလာတော့သူတို့နှစ်ဦးဟာ မိတ်ဆွေတွေဖြစ်လာကြတယ်။ စီးပွားရေးအလှဲအလှယ်လည်း အတူတူလုပ်ခဲ့ကြတယ်။
           မကြာပါဘူး ဘုရင်Jeonဟာ အရင်လိုမဟုတ်တော့ဘူး ပြောင်းလဲလာသလို တစ်ခုခုဆို လျှို့ဝှက်တယ်။ အဲ့အခြေအနေကို ဘုရင်Janeသတိထားမိပြီး  သူ့ကိုသစ္စာဖောက်တာလည်း သိခဲ့ပါတယ်။ သူလည်းကြိုတင်ကာကွယ်ဖို့အနေနဲ့ စစ်တပ်တွေ အမြဲလေ့ကျင့်‌ပေးပြီး အဆင်သင့်ပြင်ဆင်ထားပါတယ်။သူ့မှာ အယုံကြည်ရဆုံး တပ်မှူးကြီးpark chaeyoung ရှိသည်မလို့ သူတို့ဘက်က နိုင်မယ်ဆိုတာကို သေချာသိထားတယ်လေ။ပြီးတော့သူတို့ဘက်ကလည်း အင်အားကြီးတယ်။
            တစ်နေ့မှာတော့ တပ်မှူးကြီးPark chaeyoungဟာ အရေးကြီးရှိသည်ဆိုပြီး သွားရမဲ့ခရီးပေါ်လာတယ်။ ဘုရင်အမိန့်ပေးတာမလို့ သွားခဲ့ရတယ် သူ့တပည့်တွေနဲ့ပေါ့။ ခရီးကလည်းအတော်ရှည်လွန်းတယ် လမ်းတစ်ဝက်မှာရောက်တော့ သူတို့တည်းခိုဖို့စီစဉ်ကြပြီး ပင်ပန်းသည်မလို့ ညစာစားကြတယ် ညစာစားတဲ့အချိန်မှာပဲ သူ့ရဲတပည့်တွေတစ်ယောက်ပြီးတစ်ယောက် အန်ပြီးသေကြတယ်။တပ်မှူးPark chaeyoung သိလိုက်တာကတော့ အဆိပ်ခတ်တာကိုပေါ့။သူလည်း နန်းတော်ဆီ အမြန်ပြန်ခဲ့တယ်။(အဲ့ခရီးကို စီစဉ်သူကတော့ ဘုရင်Jeonပါပဲ ဘယ်သူ့မှမသိကြပါဘူး)
               သူပြန်ရောက်ချိန်မှာတော့ အုတ်တံတိုင်းနား မှာ သွေးတွေ မီးလောင်တာတွေ စစ်တပ်အလောင်းတွေ မြင်ခဲ့တယ်။သူလည်း ဘုရင်ဆီအမြန်ပြန်ပြီး ကြိုးစားခဲ့ပေမဲ့ သူမြင်ခဲ့တဲ့မြင်ကွင်းကြောင့် လက်နက်တွေချပြီး ဒူးထောက်ချလိုက်တယ်။ သူမြင်ခဲ့တဲ့မြင်ကွင်းကတော့ မင်းသမီးသူ့ခမည်းတော်ကို ဖက်ပြီးငိုတာကိုပေါ့ သူနောက်ကျခဲ့ပါတယ်
 
(စာလုံးပေါင်းမစုံဘူး ကီးဘုတ်မကောင်းလို့ မီယန့်နယ်)

     #Vote✨
        

အနက်ရောင်သူရဲကောင်းWhere stories live. Discover now