အနက်ရောင်သူရဲကောင်း part 27

1.8K 76 0
                                    

နောက်မနက်မလင်းတော့ တိတ်ဆိတ်နေသောမနက်ခင်းမှာ နေရောင်ခြည်ထိုးမှုကြောင့် Jennieအရင်ထသွားတယ်။ သူမမျက်လုံးစဖွင့်ရင်း ဒီလိုမြင်ကွင်းမြင်သွားတော့ အရမ်းကျေနပ်မိပါတယ်။ ဒီလိုအခြေအနေမျိုးကို သူမလိုချင်တာကြာပြီးလေ

ကျွန်မထလိုက်တော့ ကျွန်မရဲ့liလေးကကျွန်မခါးကိုဖက်ထားပြီး သူ့ရင်ခွင်ထဲထည့်ပေးနေတယ်။ အရမ်းကြည်နူးဖို့ကောင်းတာပဲ ချစ်ဖို့ကောင်းလိုက်တာ ကျွန်မအခုမှသေချာကြည့်မိလိုက်တယ်။သူရဲ့ နှာတံရှည်လေးရယ် မျက်ခုံးထူထူလေးနဲ့ အိပ်နေတာတောင်နှုတ်ခမ်းပေးထော်သေးတယ်။ ဒီလိုကျတော့ အပြစ်ကင်းတဲ့ကလေးနဲ့အရမ်းတူနေတာပဲ ။

Lisaနှုတ်ခမ်းထော်တာ သူမကြည့်ပြီး သည်းမခံနိုင်တော့ ဖြည်းဖြည်းလေးနမ်းလိုက်တယ်။ ကိုယ်လူချောကတော့ နိုးသွားပုံမပေါ်ပါဘူး အိပ်ရှိန်တက်နေတုန်း မနေ့ညက မိုးသောက်မှအိပ်နေတာကိုး jenလည်း သူ့လက်ကိုဖြည်းဖြည်းဖယ်လိုက်ရင်းထလိုက်တော့

"အားးးကျွတ်..ကျွတ်..ကျွတ်စ်..အရမ်းစပ်နေတာပဲ ပြဲသွားပြီးလာမသိဘူး လူဆိုးလေးရယ်အိပ်နေလိုက်တာမနေ့ညကသူမဟုတ်တဲ့အတိုင်းပဲ ရှင့်ကြောင့် ကျွန်မထမနိုင်တော့ဘူး "

သူမအားတင်းပြီးထလိုက်ကာ ရေချိုးလိုက်ရင်း အကိုက်ခဲဆေးတွေ သောက်လိုက်တော့ အရင်ကလိုမနာတော့ပဲ သက်သာသွားတယ်။ Lisaတော့အခုထိမထသေးဘူး သူမလည်းlisaအားရှိအောင် သူမကိုယ်တိုင်ပဲ lisaအတွက်ဟင်းချက်ပေးနေတယ်။ သူမlisaဆီသို့ပြန်သွားရင်း နိုးလိုက်တယ် အကြာကြီးအိပ်တာလည်းမကောင်းဘူးလေ သူ့အတွက်စိုးရိမ်နေလို့ မနိုးချင်လည်းနိုးရပြန်တယ်။

"Li..liယေး ထပါတော့ နေအရမ်းထိုးနေပြီး ကြာလာရင်ခေါင်းကိုက်နေမယ်ထတော့  နော် နော်လို့ လိမ္မာတယ် "

"ဟအင်း မထချင်သေးဘူးလာမနိုးနဲ့ မနေ့ညကငါမအိပ်ရဘူး "

အော်..ငါကျအိပ်ရတယ်ပေါ့ လူဆိုးလေးရယ် မနေ့ညကရှင်ကျွန်မကိုအရမ်းနှိမ့်စက်တာပဲ သူကျဒီလိုလေးတော့ မလုပ်ချင်ဘူး အရမ်းဆိုးတာပဲ

"နောက်မှဆက်အိပ်လိုက်ပါLiရယ် အခုတော့မနက်စာအရင်စားလိုက်ပါဉီး jen ပြင်ထားပြီးပြီး ထလိုက်ပါနော်liရယ် "

အနက်ရောင်သူရဲကောင်းWhere stories live. Discover now