နောက်မနက်ခင်းရောက်တော့ lisaကပုံမှန်စောစောနိုးတာကြောင့် jennieထက်အရင်ထတယ်။ သူ့ကိုယ်လုံးဘာမှမရှိပဲ jennieလည်း သူနဲ့အတူတူအိပ်တာကြောင့် သူအံ့သြသွားသလိုလန့်လည်းလန့်တယ်။ ညကဘာဖြစ်တာလဲ သူလုံးဝမမှတ်မိပါ။ သူဘယ်လောက်ပဲတွေးတွေး စဉ်းစားမရတဲ့အဆုံး
"ဘုရင်မ ဘုရင်မရယ် ထပါဉီး ဒါဘယ်လိုဖြစ်တာလဲ "
jennieသူ့ကို ခပ်ထန်ထန်ဆက်ဆံကတည်းက သူjenလို့မခေါ်တော့ပဲ ဘုရင်မလို့ပဲပြန်ခေါ်တယ်။ jennieက အဲ့လိုပဲခေါ်ခိုင်းတာကိုး။
"အွန်း ဘာဖြစ်လို့လဲ ဘာလို့အဲ့လောက်တောင်အသံကျယ်ရတာလဲ ငါအိပ်မဝသေးဘူး "
"ဟို ညကဘာဖြစ်ခဲ့လဲ ကျွန်တော်မမှတ်မိတော့ပေမဲ့ တကယ်တောင်းပန်ပါတယ် ကျွန်တော်မရည်ရွယ်ပါဘူး ညကကျွန်တော်မူးလို့ပါ "
"ငါတို့နှစ်ယောက်ညကအဖြစ်အပျက်တာတွေ ရှင်သိသိမသိသိ မေ့ထားလိုက်ပါ ဒီအကြောင်းကိုဘယ်သူ့ကိုမှမသိစေနဲ့ မင်းသားkaiသာသိရင် နင်သေပြီးသာမှတ် ဒါပဲကျွန်မအရင်ထွက်ပါရစေ "
သူမအေးတိအေးစက်စွာပြောပြီး ညကချွတ်ထားတဲ့အဝတ်အစားတွေပြန်ဝတ်ကာ အခန်းကနေထွက်သွားတယ်။ lisaလည်း jennieထွက်သွားမှ သူ့အဝတ်တွေပြန်ဝတ်ရင်း ထွက်ဖို့အချိန်မှာပဲ
"ဟိန်..ဒီကောင် နင်ဘာလို့ ငါ့အခန်းကိုဝင်လာရတာလဲ ခွင့်ပြုချက်မရှိပဲနဲ့ဝင်လာလို့ အပြစ်ပေးမယ် လာစမ်း မင်းသေဖို့သာပြင်"
" jen ဒီကောင်ကျွန်တော်ခွင့်ပြုချက်မရှိပဲ ကျွန်တော့်အခန်းထဲဝင်တယ် ဘာလာခိုးလဲတော့မသိပေမဲ့ ပြစ်ဒဏ်ပေးသင့်တယ်လို့မထင်ဘူးလာ "
"oppaကြိုက်သလိုပဲလုပ်ပါ မကြာခင်oppaလည်းဘုရင်ဖြစ်တော့မှာကို လုပ်ပိုင်ခွင့်ရှိပြီး "
ထိုအခါkaiလည်း lisaကိုရိုက်ဖို့ အစေခံကို ခိုင်းလိုက်တယ်။ lisaရဲ့အဝတ်အစားတွေချွတ်ပြီး ကျောပြင်မှာ တုတ်နဲ့ အားပြင်းပြင်းရိုက်နေတယ်။ lisaလည်း အော်ရုံကလွှဲပြီးဘာမှမတတ်နိုင်။ jennie မြင်ကွင်းမှာပဲသူတို့ရိုက်တာ အမှန်တော့ မနေ့ညကအကြောင်းတွေ jennieအကုန်မှတ်မိတယ် ။ သူမပဲအရင်စတာလည်း သိတယ်။ သူတို့lisaကိုရိုက်လွန်းလို့ ကြည့်မရဲတော့ပဲ သူမအခန်းသို့ပြန်သွားတယ်။ kaiလည်းသတိထားမိပါတယ် သူတို့မေတ္တာသက်ဝင်တာလည်းသိလို့ နောက်ထပ်အကြံတွေးထားပြန်တယ်။
YOU ARE READING
အနက်ရောင်သူရဲကောင်း
RandomJen 'ကျွန်မဘယ်လောက်ပဲရင့်ကျက်ရင့်ကျက် ရှင်နဲ့တွေ့ရင် အမြဲကလေးဆန်ချင်တယ် llisa' Lisa 'တကယ်တော့ ကျွန်တော်က အနက်ရောင်သူရဲကောင်းမဟုတ်ဘူး ပြီးတော့ကျွန်တော်ကကျောင်းသားပဲရှိသေးတယ်လေ ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်သေးဘူး ' Chaeyoung 'တောင်းပန်ပါတယ်မင်းကြီး...