မိုးချုပ်ပြီး lisaအိမ်စာလုပ်ကာ bam bam vd call ဆက်လာလို့ သူကိုင်လိုက်ပြီး
" ဟေ့ lisaဒီတလော နင့်ကိုမတွေ့မိပါလား နင်ဘယ်မှာသွားပျောက်နေတာလဲ "
" ဒီလိုပါပဲ ပြဿနာနည်းနည်းပေါ်လာလို့ .."သူပြောလို့မဆုံးသေးပါ သူ့နောက်မှာ jennie လာလို့ သူမဆီအကြည့်ရောက်နေတယ် ။
" hum..ဟိုကအခန်း အိပ်လို့မပျော်ဘူး ပြီးတော့ အနံလည်းမကောင်းဘူး ဒီမှာပဲအိပ်မယ် " သူမအဲ့လိုပြောကာ ကုတင်ပေါ်လှဲပြီး အိပ်သွားတယ် ။ lisaလည်း မနိုင်ဘူးပုံစံနဲ့ခေါင်းခါရင်း
" ဟေ့ lisa အလန်းလေးပါလား ငါ့ကိုလည်းမပြောဘူး ဝှက်လိုက်တာဟယ် ဘယ်မှာနေလဲဘာလူမျိုးလဲ ပြောဉီးလေကွာ "
" ပြောရရင်ရှည်တယ် နင်မယုံလောက်ဘူး နောက်မှနင်နဲ့တွေ့ရင်ပြောပြမယ် "
သူအဲ့လိုပြောကာ computerကိုပိတ်လိုက်တယ် ။ သူမကိုကြည့်လိုက်တော့ အိပ်ပျော်နေပါပြီး သူစောင်ကိုယူကာ သေသေချာချာလေးပေးခြုံလိုက်တယ် ။သူလည်း သူ့ခေါင်းအုတ်နဲ့စောင်ယူကာ ကြမ်းပြင်မှာလှဲလိုက်ပြီး သူမဘက်ကိုမျက်နှာမူတည်ပြီး ခဏကြာလာတော့ သူအိပ်ပျော်သွားတယ်။
တိတ်ဆိတ်နေသောမနက်ခင်းလေးမှာ လေဖွေးဖွေးလေးနဲ့တိုက်ပြီး နည်းနည်းအေးတော့lisa အရင်နိုးလာတယ် ။ သူ့ရင်ခွင်မှာ နွေးထွေးမှုတစ်စုံတစ်ခု ၊ သူ့ခါးမှာလည်း ပွေ့ဖက်မှုလို ခံစားရလို့ မျက်လုံးဖွင့်လိုက်ပြီး အောက်သို့ငုံ့ကြည့်ကာ မျက်ခွံမှာမှဲ့လေးရယ် ပါးဖောင်းဖောင်းလေးနဲ့ ကောင်မလေး သိပ်ကိုစွဲဆောင်မှုရှိပြီး သူ့ခါးကိုလည်း ကြပ်ကြပ်လေးဖက်ထားတယ် ။ (လေတိုက်လို့ အေးတယ်ထင်တယ်။)
" အာ..ဘယ်လိုလုပ်အောက်မှာ ရောက်လာတာလဲ တကယ်ပါပဲ " သူထဖို့လုပ်တော့ သူ့ရင်ခွင်မှာ ကောင်မလေးနိုးပြီး လှုပ်လာကာ သူလည်းငုံ့ကြည့်လိုက်ပြီး ဟိုကကောင်မလေးလည်းအပေါ်မော့ကြည့်နေတော့ မထင်မှတ်ပဲ နှာခေါင်းထိသွားတယ် ။ (နှုတ်ခမ်းမထိပါ😌 ) သူတို့မျက်နှာချင်းဆိုင်နီးနီးလေးနဲ့အကြာကြီးကြည့်ပြီး တစ်ယောက်ရဲ့ရင်ခုန်သံတစ်ယောက် မကြားရပေမဲ့ ကိုယ့်ကိုယ်ကို ရင်ခုန်တာကိုတော့ မလိမ်နိုင်ပါဘူး ။
YOU ARE READING
အနက်ရောင်သူရဲကောင်း
RandomJen 'ကျွန်မဘယ်လောက်ပဲရင့်ကျက်ရင့်ကျက် ရှင်နဲ့တွေ့ရင် အမြဲကလေးဆန်ချင်တယ် llisa' Lisa 'တကယ်တော့ ကျွန်တော်က အနက်ရောင်သူရဲကောင်းမဟုတ်ဘူး ပြီးတော့ကျွန်တော်ကကျောင်းသားပဲရှိသေးတယ်လေ ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်သေးဘူး ' Chaeyoung 'တောင်းပန်ပါတယ်မင်းကြီး...