ဒီလိုနဲ့ lisaနေလာတာ၁လ၂လလောက်ကြာလာပေမဲ့ အရင်လိုပဲjennieကို ခါးခါးသီးသီးဆက်ဆံနေတုန်းပဲ။ သူပြန်လာတဲ့နောက်ပိုင်း jennieအစာတွေပြန်စားရင်းပုံမှန်ပြန်ဖြစ်လာတယ် ဒါပေမဲ့ နှလုံးသာက နာကျင်ရတုန်းပါပဲ lisaသူမကိုဂရုမစိုက်သလို တစ်ခါတလေ မတော်တဆလိုမျိုး သူမအပေါ်လက်နဲ့ပါတတ်တယ်။ ဒါပေမဲ့ သူမဆက်ပြီးသည်းခံပေးသလို သူ့နောက်ကိုတွယ်ကပ်နေတုန်းပါပဲ။
"ဒီမှာ ငါတစ်ခုပြောမယ် ငါ့ကိုအိမ်မပြန်ပို့ပေးချင်တော့ ငါဖြစ်ချင်သလိုဖြစ်လိုရတယ်မလား ငါ့ကိုဘုရင်တင်ပေးလေ ဘယ်လိုလဲ သဘောတူလာ "
"liတကယ်ပြောတာလား ဝမ်းသာလိုက်တာliရယ် liသာဖြစ်ချင်ရင် jenလုပ်ပေးမှာပေါ့ ဒါပေမဲ့ jenနဲ့လက်ထပ်ရမယ် လက်ထပ်မှဖြစ်လို့ရတာမလို့ပါ "
"Okလေ လက်ထပ်ကြတာပေါ့ ငါမင်းကိုခွင့်လွှတ်သွားပြီးလို့ မထင်နဲ့ မင်းပြိုကွဲသွားအောင် ငါလုပ်မှာကိုတော့ သိထား "
"liဘာလုပ်လုပ် jenလက်ခံပြီးသားပါ liသာjenအနားရှိနေရင်ရပါပြီး "
"မနက်ဖြန်ပဲလက်ထပ်မယ် နောက်တစ်နေ့ဆို ဘုရင်တင်ပေးတော့ မင်္ဂလာဆောင်ကိစ္စတော့ နင့်ဘာသာပြင်ဆင်လုပ် ဒါပဲငါသွားပြီး "
liရယ် jenနဲ့လက်ထပ်မယ်လို့ကြားလိုက်တော့ အရမ်းပျော်တာပဲ jenကိုမုန်းလို့လက်ထပ်လည်း jenကျေနပ်ပါတယ် လက်ထပ်လိုက်ရင် liကို jenပိုင်သွားပြီးလေ liသဘောအတိုင်းပါပဲjen အကုန်ဖြည့်ဆည်းပါ့မယ် jenကို ခွင့်လွှတ်တဲ့အထိ jenဘာမဆို အကုန်လုပ်ပါ့မယ် jenနားကနေမထွက်သွားရင်ရပါပြီး အရမ်းချစ်တယ်li...
နောက်နေ့ရောက်တော့ lisaနဲ့ jennieလက်ထပ်ပွဲအခန်းအနားသို့ကြွလာတယ်
သတိုးသားဝတ်စုံနဲ့ အရမ်းကြည့်လို့ကောင်းတာပဲliရယ် အရပ်မြင့်မြင့်နဲ့ ဒီလိုစမတ်ကျကျဝတ်တော့ ခန့်ညားလိုက်တာ ကျွန်မရဲ့ သတိုးသားလောင်းလေး jenမျက်နှာကိုတစ်ချက်လေးတောင်မကြည့်ပါလားliရယ် အင်းပါ jenကိုချစ်လို့လက်ထပ်တာမှမဟုတ်တာ liဖြစ်ချင်တဲ့အတိုင်းဖြစ်စေရမယ် စိတ်ချပါ jenကliဘာဖြစ်ချင်ဖြစ်ချင်အကုန်လက်ခံပေးပြီးသားပါ jenရဲ့ အရာအားလုံးဟာ liအတွက်ပါပဲ liဟာjenအတွက်အရေးကြီးဆုံးပါ..
YOU ARE READING
အနက်ရောင်သူရဲကောင်း
RandomJen 'ကျွန်မဘယ်လောက်ပဲရင့်ကျက်ရင့်ကျက် ရှင်နဲ့တွေ့ရင် အမြဲကလေးဆန်ချင်တယ် llisa' Lisa 'တကယ်တော့ ကျွန်တော်က အနက်ရောင်သူရဲကောင်းမဟုတ်ဘူး ပြီးတော့ကျွန်တော်ကကျောင်းသားပဲရှိသေးတယ်လေ ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်သေးဘူး ' Chaeyoung 'တောင်းပန်ပါတယ်မင်းကြီး...