အနက်ရောင်သူရဲကောင်း Part 21

1.1K 80 1
                                    

ဒီလိုနဲ့သူတို့နှစ်ယောက်lisaနောက်ကနေ လိုက်ရင်း lisaအိမ်ထဲဝင်သွားတော့ သူတို့လည်းခဏနေကာ ခြံတစ်ခါးကို ဖွင့်ရင်းဉီးလေးကြီးတစ်ယောက်ပန်းပင်တွေရေလောင်တာ တွေ့သွားတယ်။

"ဟို ဘယ်သူတွေပါလဲ lisaအသိတွေလား "

"ဟုတ် ဟုတ်ပါတယ် ကျွန်တော်တို့ lisaဆီလာလည်တာပါ "

"အော်  အေပါ lisaအိမ်မှာပဲရှိတာ အိမ်ထဲဝင်လာလေ သူ့ကိုသွားခေါ်ပေးမယ် ဒီမှာနားထားလိုက်ဉီး "ဟု ပြောကာ အပေါ်ထပ်သို့ lisaကို သွားခေါ်လိုက်တယ်။

တောက်..တောက်
"lisa သားသူငယ်ချင်းတွေ သားဆီလာလည်းတယ် တစ်ချက်လောက်အောက်ဆင်းပေးပါဉီး "

"ဟုတ် ခဏနေရင် ဆင်းပါ့မယ် "

သူဆင်းလာကာ တပ်မှူး chae နဲ့မှော်ဆရာကိုတွေ့တော့

"ခင်ဗျားတို့ဘယ်သူတွေလဲ ကျွန်တော်နင်တို့ကိုတကယ်မသိဘူး ကျေးဇူးပြုပြီး ကျွန်တော့ကို လိုက်မနှောင့်ယှက်နဲ့  စိတ်လေတယ် "

သူအဲ့လိုပြောပြီး အပေါ်သို့ ပြန်တက်သွားတယ်။ lisa ဉီးလေးတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း

"ဒီကတူလေးတွေ ဉီးတစ်ခုပြောချင်တယ် ဉီးလေးရဲ့တူကအဲ့လိုပါပဲ သူ့မှာစိတ်ဒဏ်ရာရှိလို့ပါ သူ့အစားဉီးပဲတောင်းပန်ပါတယ် "

"ဟိုရပါတယ်ဉီးလေး ကိစ္စမရှိပါဘူးကျွန်တော်တို့နားလည်ပါတယ် ဒါနဲ့ ကျွန်တော်တို့က ဒီရပ်ကွက်ကလူမဟုတ်လို့ ကျွန်တော်တို့နေစရာမရှိဘူး ဉီးလေးကူညီပေးနိုင်မလား တကယ်အားနားပါတယ်ဉီးရယ် "

"အော် ဒါလေးများရတာပေါ့ တူလေးတို့ဒီမှာနေရင် lisaမကြိုက်လောက်ဘူး ဉီးတူမလေး တစ်ယောက်ရှိတယ် သူလည်း သူ့သားနဲ့နှစ်ယောက်ပဲနေတာ သူနဲ့သွားနေလိုက် သူအဖော်ရတာပေါ့ လာဉီးပြပေးမယ် "

သူတို့လည်းဉီးလေးညွှန်ပြတဲ့အိမ်ပဲ နေလိုက်တယ်။ အိမ်ရှင်ကလည်း သဘောကောင်းပြီးဆက်ဆံရေးကောင်းလို့ သူတို့အတွက်အဆင်ပြေတာပေါ့။
နောက်တစ်ရက်ရောက်တော့ သူတို့အချိန်မဆွဲတော့ပဲ အကြံထုတ်လိုက်တယ် ။

lisaဆေးကျောင်းသွားတဲ့ လမ်းဘေးမှာပဲ သူတို့နှစ်ယောက် ဗေဒင်ဆရာ အသွင်ပြောင်းလိုက်တယ်။ တခြားလူတွေလည်း သူတို့နဲ့ ဗေဒင်လာတွက်ကြတယ် သူတို့ဟောပြောတာလည်း အမှန်ဖြစ်လို့ လူတွေလည်းသူတို့ကိုသဘောကျတော့ အများကြီးစုဝိုင်းပြီး သူတို့ဆီကအဆက်မပြတ် လာတော့တာပဲ။ lisaလည်းဆေးကျောင်းက ပြန်လာရင်း လမ်းဘေးမှာ လူအုံ့တာတွေ့တော့ အဲ့နားဆီသွားလိုက်တယ် ။ အဲ့ထဲမှာ bam bamဆိုတဲ့သူ့သူငယ်ချင်းလည်း ပါနေတယ်။

အနက်ရောင်သူရဲကောင်းWhere stories live. Discover now