တိတ်ဆိတ်နေတဲ့ မနက်ခင်းလေမှာ အိပ်လို့အရှိန်ကောင်းတုန်း နေရောင်ခြည်ထိုးတာကြောင့်lisaနိုးလာတယ်။ သူမွေ့ယာပေါ်ကြည့်လိုက်တော့ jennieကိုမတွေ့တော့ပါ။ သူလည်းအမြန်ထပြီး လိုက်ရှာတော့တယ် သူပြတင်းပေါက်ကိုဖွင့်လိုက်ပြီး အောက်မှာကြည့်လိုက်တော့ သူတွေ့လိုက်ပါပြီး သူရဲ့မင်းသမီးလေး ဆံပင်ချထားပြီး သူမသိုင်းလေ့ကျင့်နေတယ်။ lisaလည်း အောက်ထပ်ကိုအမြန်ဆင်းပြီး သူ့အမေကိုတွေ့လိုက်တယ်။
"lisa အစောကြီးနိုးပါလား အမေထမင်းကြော် ကြော်ထားတယ် အဆင်ပြေမလာ သားဗိုက်ဆာရင်စားလိုက်လေ "
lisaလည်း ထမင်းကြော်ကိုယူပြီး မှန်ဘောင်တွေကာထားတဲ့ပြတင်းပေါက်နားမှာ သူအမြန်သွားလိုက်တယ်။ သူအဲ့မှာ မတ်တပ်ရပ်လိုက်ပြီး ထမင်းကိုသူ့ပါးစပ်ထဲ ထည့်ထိုးတယ် သူမြိုတောင်မပြီးသေးဘူးထပ်ပြီးထည့်တယ်။ (အကြောင်းက jennieအဲ့ ပြတင်းပေါက်မှာပေါ်နေတယ် သူ့အမေတွေ့မှာစိုရိမ်လို့ )။ သူ့အမေကနားမလည်ပုံနဲ့
"lisa သားအဲ့လောက်တောင် ဗိုက်ဆာလို့လာ ခုံရှိတယ် ခုံမှာထိုင်စားလေ ထမင်းစားတာအဲ့လိုစားရတယ်ပေါ့ "
" သားစာမှာဖတ်ဖူးတယ် မနက်စာက မတ်တပ်ရပ်စားရင် အစာအိမ်ကောင်းတယ်"
"မကြားဖူးပါဘူး ဒါနဲ့အမေဒီနေ့ shoppingထွက်မလို့ သားဘာတွေမှာမလဲ"
"သားဘာမှမမှာဘူး အမေဝယ်ချင်တာတွေပဲဝယ်ပါ"
သူအမေလည်းOkလို့ပြောပြီး ပန်ကန်တွေ၊အိုးတွေ ဆေးမလို့လုပ်တော့lisaသူမဆီအမြန်သွားလိုက်တယ်။
"ဟိုအမေ သားဆေးလိုက်မယ် အဲ့မှာပဲထားလိုက်"
"ရတယ် အမေပုံမှန်ဆေးနေကြပဲ အမေပဲဆေးမယ်"
"အမေShoppingထွက်မယ်မလား နောက်ကျနေမယ် သားပဲဆေးလိုက်မယ် အမေသာအရင်သွားလိုက်"
သူ့အမေလည်း သူ့သားကိုနားမလည်တော့လို့ ပန်ကန်တွေထားလိုက်ပြီး shopping ထွက်လိုက်တယ်။ lisaလည်း သက်ပြင်းချပြီး jennieဆီ အမြန်သွားတယ်။
"ဟိတ် ဒါမင်းဘာလုပ်တာလည်း ငါဘယ်လောက်စိတ်ပူရလဲ သိလာ"
Jennieသူ့ကို အဖက်တောင်မလုပ်ပါဘူး သိုင်းကွက်သာလေ့ကျင့်တယ်။ သူလည်းစိတ်မရှည်တော့ပဲ သူမပခုံးကိုကိုင်လိုက်ပြီး
"မင်းဘာအရူးထလုပ်ပြန်ပြီးလဲ ကြည့်ဉီးဟိုမှာတွေ့လာ သူများနင့်ကိုကြည့်နေတယ် မင်းမရှက်တတ်ဘူးလာ အဝတ်အစားလည်းသူများလိုမတူဘူး"
သူအဲ့လိုပြောတော့ jennie ခြံတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တယ်။ သူjennieနောက် အမြန်လိုက်ပြီး
"ဟေ့ ..နေဉီး မင်းဘယ်သွားမလို့လဲ"
"ကျွန်မရှင်ရဲဲ့ပတ်ဝန်းကျင်တွေ လေ့လာမလို့လေ ရှင့်ဒေသကိုတော်တော်ကြွားလို့ တစ်ခုခုလည်းအဲ့ဒါပဲပြောတယ် ကျွန်မသွားပြီးlisaဒါပဲ"
"နေပါဉီး..မင်းဒီအဝတ်အစားနဲ့သွားမလို့လား"
"ဒါဆိုရင် စက်ချုပ်သမားကိုခေါ်ပြီး ရှင်တို့လိုမျိုးအဝတ်အစားချုပ်ခိုင်းလိုက်လေ"
"ဟားဟားအတော်ရီရသားပဲ ဒီခေတ်က နင်တို့ခေတ်လိုမျိုးမဟုတ်ဘူး စက်ချုပ်သမားမလိုဘူး ငါနဲ့လိုက်ခဲ့ လိုက်ပြမယ်"
ဒီလိုနဲ့ သူတို့နှစ်ယောက် ကုန်းတိုက်တစ်ခုမှာဝင်လိုက်တယ်။ အဝတ်အစားအခန်းမှာရောက်တော့ Jennie ရွေးလိုက်တဲ့အင်္ကျီတွေက ယောင်္ကျားလေးSizeတွေကြီးပဲ ။
"ဟေ့ ဒါယောင်္ကျားတွေအင်္ကျီလေ မိန်းကလေးဝတ်ရမဲ့ဟာမဟုတ်ဘူး"
"ကျွန်မကြိုက်လို့ ဝတ်ပါရစေ lisa" သူမအဝတ်အစားတွေယူပြီး lisaဆီ လွင့်ပစ်လိုက်တယ်။ lisaလည်း လိုက်ကောက်ရုံကလွှဲပြီး ဘာမှမတတ်နိုင်တော့ပါ။ သူမအဝတ်ခန်းကထွက်လာတော့ lisa မျက်တောင်မခတ်တော့ပါဘူး။အင်္ကျီက ယောင်္ကျားပုံစံဖြစ်ပေမဲ့ သူမဘောင်းဘီတိုနဲ့ဝတ်လိုက်တော့ အရမ်းကြည့်ကောင်းပြီး hotလွန်းတယ်။lisaခဏကြောင်ပြီး သူမသူ့ဆီရောက်တော့ သူခိုးမိမှာစိုးလို့ သူစကားအရင်ပြောလိုက်တယ်။
"Omm..မဆိုးဘူးပဲ မိုက်တယ်" လို့ပြောပြီး လက်မထောင်လိုက်တယ်။
"ဗိုက်ဆာပြီးလာ Ice creamသွားစားကြမယ်လေ"
"ice cream ကဘာလဲ lisa အရသာဘယ်လိုမျိုးလဲ"
"အေးပြီး ချိုတယ် လာသွားမယ် ငါလက်ကိုင်ထား"
ဒီလိုနဲ့ တစ်ယောက်လက်တစ်ယောက်တစ်ယောက်ကိုင်ပြီး Ice creamဆိုင်သို့ ထွက်ကြတယ်။
![](https://img.wattpad.com/cover/285553893-288-k298134.jpg)
YOU ARE READING
အနက်ရောင်သူရဲကောင်း
De TodoJen 'ကျွန်မဘယ်လောက်ပဲရင့်ကျက်ရင့်ကျက် ရှင်နဲ့တွေ့ရင် အမြဲကလေးဆန်ချင်တယ် llisa' Lisa 'တကယ်တော့ ကျွန်တော်က အနက်ရောင်သူရဲကောင်းမဟုတ်ဘူး ပြီးတော့ကျွန်တော်ကကျောင်းသားပဲရှိသေးတယ်လေ ငယ်ငယ်ရွယ်ရွယ်နဲ့မသေချင်သေးဘူး ' Chaeyoung 'တောင်းပန်ပါတယ်မင်းကြီး...