အနက်ရောင်သူရဲကောင်း part 3

1.1K 95 1
                                    

မနက်မိုးလင်းတော့ Lisaထလိုက်ပြီး မျက်နှာသစ်ရေမိုးချိုးပြီးမှ အောက်ထပ်ဆင်းလိုက်တယ်။ မနက်စာစားလိုက်ပြီး ဒီလိုနဲ့ သူစက်ဘီးနှင့် ကျောင်းသွားခဲ့တယ်။ ကျောင်းကနည်းနည်းဝေးတော့ သူအတော်ကြာနှင်းရပါတယ် လမ်းဘေးကဆိုင်တွေ၊လူတွေလည်းလိုက်ကြည့်ပြီး လမ်းတစ်ဝက်မှာတော့ minoတို့အဖွဲ့ စက်ဘီးစီးပြီး ဆော့ကြတာတွေ့တယ်။ သူလည်းစက်ဘီးရပ်လိုက်တယ် သူစိတ်ဝင်စားလာလို့ minoတို့ဆီ တစ်ဖြည်းဖြည်း သွားလိုက်တယ် သူတို့အဖွဲ့နဲ့နီးလာတော့ သူမသိလိုက်ဘူး အဲ့ချိန်မှာပဲ minoစက်ဘီးအရှိန်နဲ့လာတယ်သူ့ဆီကို (သူရပ်နေတဲ့နေရာကဖြတ်လမ်းကိုး)ဟိုတစ်ယောက်လည်း အရှိန်မထိန်းနိုင်လို့ သူနဲ့တိုက်ပြီးပြုတ်ကျသွားတယ်။

"ဟိတ်..ခွေးကောင် ဒီနေရာဘာလာလုပ်တာလဲ ဒါမင်းနေရာမဟုတ်မှန်းသိတယ်မလား"
Lisaထွက်မလို့လုပ်တော့ " ဟိတ်..ငကြောက်ကောင်လာရိုင်းပြီးမှ ထွက်ပြေးမလို့လား ဘသူ့ခွင့်ပြုချက်နဲ့လဲ နင်စခဲ့တဲ့ဇာတ်လမ်းမလို့နင်ပဲ အဆုံးသတ်ရမှာပေါ့ ချကွာ" သူlisaကိုတချက်ထိုးလိုက်တယ်။ ထပ်ထိုးဖို့လုပ်တော့ lisaသူ့ကို အားပြင်းပြင်းနဲ့တွန်းလိုက်ပြီး သူစက်ဘီးအမြန်နှင်းလိုက်တယ်။

"မင်းတို့ဘာကြည့်နေတာလဲ ဟိုခွေးနောက်ကိုလိုက်လေ အားးလီးပဲ"
      ဒီလိုနဲ့သူတို့အဖွဲ့Lisa နောက်လိုက်ကြတယ် မြို့ထဲရောက်တော့ လူသွားလူလာတွေ ကားတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့က စက်ဘီနှင်းကျွမ်းလို့ lisaကို မှီမဲ့အချိန်မှာပဲ အဖိုးကြီးတစ်ယောက် ပါရှယ်ထုတ်တွေအများကြီး မသယ်နိုင်တော့လို့ချထားတယ် lisaအဲ့အထုတ်တွေကန်လိုက်ပြီး minoတို့လမ်းပိတ်သွားတယ်။ သူတို့ထပ်လိုက်ဖို့လုပ်ပေမဲ့ ခုနက အဖိုးကြီးတားလိုက်တယ် ပြီးတော့လုံခြုံရေးတွေလည်းလာပြီး သူတို့ကိုဖမ်းသွားတယ်။

"အားးလီးပဲ ဒီခွေးကောင်လွတ်ပြန်ပြီး ထွီးး"

Lisa လည်း သူလွတ်မှသက်ပြင်းချလိုက်ပြီး အိမ်ပြန်တော့တယ်။(ကျောင်းသွားတာလည်းကျောင်းမရောက်ပါလား အကိုနိုရေး) 
သူအပြန်လမ်းမှာ ဆိုင်းဘုတ်မှာ'ရှေးဟောင်းပစ္စည်းရောင်းတယ်' ဆိုပြီး သူမြင်တော့ အဲ့ဆိုင်မှာပဲသူဝင်
လိုက်တယ်။ သူဆိုင်ထဲရောက်တော့ ရှေးဟောင်းပစ္စည်းတွေအမှန်ပါပဲ ပစ္စည်းတွေအများကြီးအစဉ်လိုက်တန်းစီထားတယ် အိုးတွေ၊ ခွက်တွေ၊သူများမသုံးတဲ့ပစ္စည်းတွေ အမျိုးမျိုးရှိတယ်။ဒါပေမဲ့  ထောင့်စွန်းက မြေအိုးတစ်အိုးသူတွေ့တယ် အဲ့မြေအိုးကအခြားတွေနဲ့မတူဘူး ထူးခြားသလို သူများသီးသန့်ထားတယ်။ သူလည်းအဲ့နားကိုသွားပြီး ထိုမြေအိုးကိုကြည့်လိုက်တယ် ​မြေအိုးရဲ့အဖုံးမှာ မင်းသမီးတစ်ယောက် အချုပ်ခံရပြီး သူမရဲ့ဘေးနားမှာလည်း ရဲမတ်တွေ တိုက်ခိုက်ကြတယ် ။ မြေအိုးရဲ့အောက်ပိုင်းမှာလည်း ဝါးပင်တွေအများကြီးဝိုင်းတယ်။ သူလည်းစိတ်ဝင်တစားနဲ့ပဲ အကြာကြီးကြည့်တယ် ။ သူဂိမ်းထဲကလိုမျိုးတူတာကိုး တူတာမှတအားအကုန်တူတာ သူအဲ့မြေအိုးကိုကိုင်လိုက်တယ်။ အဲ့ချိန်မှာပဲ

"ဟေ့.. တူလေး ဒီမြေအိုးကိုကြိုက်လို့လား "

"ဘာမှမဟုတ်ဘူး..ဒီတိုင်းစိတ်ဝင်းစားဖို့ကောင်းလို့"

"ကြိုက်ရင်လည်းကြိုက်လို့ပြောလိုက်လေ တူလေးရာ ဒီမြေအိုးက ဉီးအထင်အရင်ကအမိုင်းအကြောင်းတွေပါမယ်ထင်တယ် ဘယ်သူ့မှမယူရဲကြဘူး သူတို့စိတ်မဝင်စားကြလို့လေ သားကြိုက်ရင် သားယူလိုက်လေ ဉီးလေးဒီတိုင်းပဲပေးတာ"

"ဟုတ်ကဲ ကျေးဇူးပါဉီးလေး မိုးချုပ်တော့မယ် ခွင့်ပြုပါဉီး ကောင်းကောင်းသိမ်းထားပါ့မယ် Bye"ဉီးလေးကြီးလည်း ကောင်းကောင်းပြန်ပါ အမူအရာနဲ့လုပ်လိုက်တယ်။

သူ့အိမ်မှာရောက်တော့ အဲ့မြေအိုးကိုသူ့အိပ်ခန်းမှာထားလိုက်ပြီး ရေချိုးလိုက်တယ်။ ညစာတွေဘာတွေစားပြီးတော့ သူ့အိပ်ခန်သို့ဝင်ပြီး အိမ်စာလုပ်လိုက်တယ်။ အိမ်စာလုပ်ပြီးခဏကြာတော့ သူမြေအိုးဆီအကြည့်ရောက်နေတယ် အဲ့မြေအိုးနားသွားပြီး သူကြည့်ပြန်တယ်။ ညသန်ခေါင်ရဲ့တိတ်ဆိတ်မှုနဲ့ lisaအဲ့မြေအိုးနဲ့ပဲ အချိန်ဖြုန်းနေတယ်။အထူးသဖြင့် သူမင်းသမီးကို ကြည့်တာပါပဲ။သူနာရီကြည့်လိုက်တော့ 1နာရီထိုးတော့မလို့ သူ့computerတွေ၊စာအုပ်တွေသိမ်းလိုက်ပြီး အိပ်ရာဝင်လိုက်တယ်။ သူမျက်လုံးမှိတ်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက်

"အနက်ရောင်သူရဲကောင်းဘယ်မှာလဲ ဘယ်မှာလဲပြော" လူတစ်ယောက် သူ့ကိုဆွဲပြီးမေးနေတယ်။ အဲ့လူက မြေအိုးထဲကပါပဲထွက်တာပါ။





(နောက်ပိုင်းJennieပါလာတော့မယ် ဆက်ဖတ်ပေးပါဉီး)

Don't  Forget to Vote✨✨
 


အနက်ရောင်သူရဲကောင်းWhere stories live. Discover now