2

95 15 4
                                    

"တီ... တီ... တီ"

ဆက်တိုက်မြည်နေတဲ့ နှိုးစက်သံကြောင့် အိပ်ယာထဲကနေ လူးထကာ နှိုးစက်ကို ပိတ်ပစ်လိုက်တယ်။ ရှုပ်ပွနေတဲ့ ဆံပင်တွေကို လက်ထိုး ခါရင်း အိပ်ချင်မူးတူး ထထိုင်လိုက်တယ်။ သူမထချင်သေးပေမဲ့ မထလို့လည်း မရတော့ နှိုးစက်သံက သုံးခါမြောက် မြည်တာ ဖြစ်နေပြီ။ အအိပ်မက်တဲ့ သူ့အတွက်တော့ ကျောင်းသွားဖို့ မနက် မနက်ထရတဲ့ အလုပ်က တကယ်စိတ်ကုန်စရာ။ ဒီအချိန်မှ မထရင် ကျောင်းက နောက်ကျတော့မယ်။ ဟိုနေ့ကလည်း ကျောင်းနောက်ကျလို့ ဟိုဆရာအသစ် ဟောက်တာ ခံရတော့မလို့။ ဆရာက ရုပ်ကြည့်တော့ ခပ်မာမာနဲ့ ရှယ်ဟောက်တော့မယ့်ရုပ်။ တကယ်တမ်းကျ ဘာမှသိပ်ပြောသွားလို့ တော်သေးတယ်။

"နောက်နေ့ နောက်မကျစေနဲ့တဲ့" တစ်ခွန်းတည်း။

အသစ်မလို့ ပညာမပြသေးတာလားတော့ မသိ။ ဘာပြောပြောလေ။ သတိပေးသွားတာကို ဒီတစ်ခါ ထပ်နောက်ကျရင်တော့ ပညာတွေလည်း ပြလာနိုင်တော့ ကိုယ့်ဘက်က ဆင်ခြင်လိုက်တာ ကောင်းတာပေါ့။

#_#_#_#

Yang YuTeng က ကျောင်းမှာ စာတော်တဲ့ စံပြကျောင်းသားမဟုတ်ပေမဲ့ အဆိုးအသွမ်းလေးတော့လည်း မဟုတ်။ သူ့အာရုံနဲ့ သူ ခပ်အေးအေး နေတတ်ရုံပဲ။ ဒါပေမဲ့ ၁၈ နှစ်ကျော် လူငယ်ဆိုတော့ တစ်ခါတလေတော့ ဂျစ်ကန်ကန်နိုင်တာပေါ့။ ကျောင်းစည်းကမ်းတွေ အရမ်းလိုက်နာချင်နေတာမျိုးမဟုတ်ပေမဲ့၊ တမင်သပ်သပ်တော့လည်း လိုက်ချိုးဖောက်မနေပါဘူး။ ဒီ‌လိုကျောင်းနောက်ကျတဲ့ ကိစ္စကတော့ သူ့ရဲ့ အအိပ်မက်တဲ့ ကိစ္စကြောင့် တစ်ခါတလေ ဖြစ်တတ်တဲ့ ကိစ္စပေါ့။

#_#_#_#

ကျောင်းဝတ်စုံလေးနဲ့ ကျောပိုးအိတ်ကိုင်ကာ အိမ်ပေါ်က ဆင်းလာတော့ အမေပြင်ပေးခဲ့တဲ့ မနက်စာက ထုံးစံအတိုင်း စားပွဲပေါ်မှာ အဆင်သင့်။ သူကြိုက်တတ်တဲ့ အီကြာကွေးနဲ့ ကော်ဖီ။ အမေကတော့ သေချာစားစေချင်လို့ အလုပ်မသွားသေးခင် ပြင်ထားပေးခဲ့ပေမဲ့ ထိုင်စားနေဖို့ သူ့မှာ အချိန်မရှိ။ ဒါကြောင့် ကော်ဖီကို သောက်မနေတော့ပဲ အီကြာကွေးတစ်ချောင်းသာ ကောက်ဆွဲလာခဲ့တယ်။ ကော်ဖီကိုတော့ ကျောင်းရောက်မှ ဝယ်သောက်တော့မယ်။

Should I Say That I Love You Again?Where stories live. Discover now