20

82 12 1
                                    

[ကိုယ်စောင့်နေမယ်]

ဆရာပြန်ပို့လာတဲ့စာကို ဖတ်ရင်း ဝေ့တက်လာတဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။

ဆရာပြောတာတွေကို သူလက်မခံနိုင်ဘူး။ ဘယ်လိုပဲ တစ်ယောက်တည်းပါလို့ ပြောပြော သူ မမှတ်မိတဲ့အတွက်၊ သူ မသိတဲ့အတွက် လက်မခံနိုင်ဘူး။ မေမေ့ကို မေးတော့လည်း ဆရာက ညဏ်နီညဏ်နက်များချင်လို့ ပြောတာ လို့ပဲ ပြောတယ်။

တကယ်တော့ သူ မေမေစကားကိုတောင် ပိုယုံချင်လာတယ်။ သူ့အတွက် မေမေစကားက ပိုအဓိပ္ပာယ်ရှိနေသလိုပဲ။ အဲ့ဒီလို ခံစားရလေ ဆရာက သူ့ကို တကယ်မချစ်ပဲ အစားထိုးတယ်လို့ ခံစားရလေ။

တညလုံး မျက်ရည်တွေနဲ့ အတွေးကမ္ဘာထဲ ရုန်းကန်ပြီးတဲ့အချိန်မှာတော့ သူဆရာ့ကို လတ်တလော မတွေ့ချင်တော့ဘူး။ သူ့ဘက်က Lin ZiHong ဆိုတဲ့ ဆရာ့ကို တကယ် စိတ်နှစ်ပြီး ချစ်ခဲ့ပေမဲ့ ဆရာကတော့ သူ့ကို အစားထိုးအသုံးချခဲ့တယ်လို့ တွေးမိတိုင်း ရင်ဘတ်ထဲက နာလာတယ်။

ဆရာ့ကို သူချစ်ပါတယ်‌။ ဒါပေမဲ့ တစ်ပြိုင်နက်တည်း သူ စိတ်နာတယ်။ ဒါကြောင့် လောလောဆယ်တော့ ဆရာ့ဆီက ခဏ ရှောင်ထွက်ချင်တယ်။

တဖြတ်ဖြတ် ပြေးနေတဲ့ ကားပြုတင်းဘေးက မီးရောင်စုံကြီးငယ်တွေကို ငေးရင်း ဆရာ့ကို တမ်းတနေတဲ့စိတ်ကို သူမြိုသိပ်လိုက်တယ်။

သူနဲ့ဆရာကြားထဲ ဘာတွေ ဆက်ဖြစ်လာမလဲတော့ သူကိုယ်တိုင်လည်း လောလောဆယ် မသိသေးဘူး။

#_#_#_#

နှိုးထလာတဲ့ မနက်ခင်းတိုင်းက အသက်မဲ့နေခဲ့တာ ကြာပြီ။ ရပ်တန့်နေတဲ့ conservation လေးကလည်း အသစ်မဖြစ်တာ ကြာပြီ။

ပြန်လာမှာပါဆိုတဲ့ စိတ်နဲ့ အားတင်းထားပေမဲ့ တစ်လကျော်တောင် ကြာခဲ့ပြီမို့။ တကယ် ပစ်သွားပြီလားဆိုတဲ့စိတ်နဲ့ တစ်ခါတလေတော့လည်း ကြိတ်ငိုမိတယ်။

ချစ်သူကို ဆုံးရှုံးရတာ နှစ်ခါရှိပြီ။ ဒီတစ်ခါသာ တကယ်ဆုံးရှုံးရရင် တကယ် ခံနိုင်ရည်တွေ မရှိ‌လောက်တော့ဘူး။ ဒါပေမဲ့ ကောင်လေးက လမ်းခွဲစကားပြောသွားခဲ့တာ မဟုတ်တာကြောင့် ပြန်ဆက်သွယ်လာမှာကိုတော့ သူယုံကြည်နေဆဲပဲ။

Should I Say That I Love You Again?Where stories live. Discover now